Breaking

တောင်ကိုရီးယားမှာ ၃ နှစ်အထက် တရားဝင် အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာလုပ်သားတွေအတွက် အထူးသီးသန့်စာမေးပွဲ ကျင်းပမယ်

2023 ဩဂုတ် ၁၉

တောင်ကိုရီးယားမှာ ၃ နှစ်အထက် တရားဝင် အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာလုပ် သားတွေအတွက် Computer Based Test-CBT စနစ်ဖြင့် ကိုရီးယားဘာသာအရည် အချင်းစစ် အထူးသီးသန့်စာမေးပွဲ ကျင်းပမယ်လို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA-EPS)က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ CBT စာမေးပွဲကို လာမည့် စက်တင်ဘာလဆန်းပိုင်းတွင် ကျင်းပရန် လျာထားပြီး Online စနစ်ဖြင့် လျှောက်လွှာတင်ရမှာဖြစ်သလို ဝင်ရောက်ဖြေဆိုနိုင်တဲ့ အလုပ်သမားစာရင်းကိုလည်း POEA-EPS က ထုတ်ပြန်ပေးလျက်ရှိကာ လက်ရှိအထိ အဲဒီစာမေးပွဲ ဖြေဆိုခွင့်ရှိသူဦးရေ ၁၅၀,၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

စာမေးပွဲ ဖြေဆိုမည့်သူများအနေဖြင့် အသက် (၁၈) နှစ်မှ (၃၉) နှစ်အတွင်း ဖြစ်ရမည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံမှ နှင်ထုတ်ခံရခြင်း၊ ပြန်ပို့ခြင်းခံရသူ တရားမဝင်နေထိုင်ဖူးသူများ၊ ထောင်ဒဏ်ပြစ်ဒဏ် ကျခံရဖူးသူများ၊ မိခင်နိုင်ငံမှ ပြည်ပသို့ ထွက်ခွာခွင့်တားမြစ်ခြင်း ခံထားရသူများနှင့် (၅) နှစ်အထက် နေထိုင်ခဲ့သူများ ဝင်ရောက်ဖြေဆိုခွင့် မရှိဘူးလို့လည်းဆိုပါတယ်။

အဆိုပါ ကိုရီးယားဘာသာ အရည်အချင်းစစ်စားမေးပွဲ (CBT)ကို ပင်လုံခန်းမတွင် စာမေးပွဲကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်သူများကို အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ Facebook page တွင် ကြေညာပေးသွား မယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်မှုကို ကိုဗစ်ကာလအလွန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ပြီး အခုလက်ရှိအချိန်အထိ လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ၅၀၀,၀၀ ခန့်အလုပ်လုပ်ကိုင်လျက်ရှိ တယ်လို့လည်း သိရပါတယ်။

Total Views ~ 242

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.