ရန်ကုန်၊ အောက်တိုဘာ ၂၃
၂၀၂၄ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲအား နိုဝင်ဘာလ ၉ ရက်မှ ၁၅ရက်အထိ နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေ လေးချောင်း အရုပ်အုပ်စုများ၊ ညလွှတ်ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံတို့အား အဝေရာမီးပုံးပျံကွင်းတွင် ခုနစ်ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ညလွှတ်မီးပုံးပျံ အစီအစဉ်တွင် ညမီးကြီး ၂၅ ပေ မီးပုံးပျံ၊ ညမီးကြီး ၂၂ ပေ မီးပုံးပျံနှင့် စိန်နားပန် ၁၈ ပေ မီးပုံးပျံတို့ ဖြစ်သည်။ နေ့လွှတ်အရုပ်မီးပုံးပျံအစီအစဉ် တွင် အရုပ်ခြေနှစ်ချောင်းမီးပုံးပျံ၊ အရုပ်ခြေလေးချောင်းမီးပုံးပျံနှင့် အရုပ်အုပ်စုမီးပုံးပျံတို့ကို လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ဆုရွေးချယ်ရေးအတွက် ပုံစံကို မဆုံးဖြတ်ရသေးဘဲ ၂၀၂၃ ခုနှစ်က တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို MPT ဆင်းကတ်ဖြင့် SMS ပေးပို့ ရမည့်နံပါတ်သို့ Voting Number များကို မိမိကြိုက်နှစ်သက်ရာ မီးအဖွဲ့များအား Votting ပေးပို့၍ လွှတ်တင်ပြိုင်ပွဲဝင်ကြမည့် မီးအဖွဲ့များ အားလုံးကို Voting System ဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုများအဖြစ် ရွေး ချယ်ခဲ့သည်။
မီးပုံးပျံများအတွက် ဆုများချီးမြှင့် ရာတွင် Voting ရာခိုင်နှုန်း ၅၀၊ မီးပုံးပျံပညာ ရှင် ရာခိုင်နှုန်း ၅၀ ဖြစ်ပြီး မီးလောင်ပျက်စီးသော မီးပုံးပျံများ Voting ပေးရန်မလိုသည် စနစ်ဖြင့် ရွေးချယ်ခဲ့သည်။
ယမန်နှစ်ကရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်ရောင် စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ခဲ့ပြီး ရောင်စုံဓာတ်ပုံ ပြိုင်ပွဲဆုကြေးများမှာ ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိယဆု ကျပ်သိန်း ၃၀ ဖြစ်ကာ၊ အထူးဆုများအတွက် တစ်ဆုလျှင် ကျပ် ၁၀ သိန်းစီ ချီးမြှင့်ခဲ့သည်။ ထူးမြတ်