Breaking

တွံတေးမွေးမြူရေးဇုန်သို့ ဆိုလာစနစ်သုံး ရေတင်စက်များဖြင့် ရေဖြန့်ဝေရန် ဆောင်ရွက်နေ

ရန်ကုန်၊ ဇွန် ၄
     ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေးတူးမြောင်းမှတစ်ဆင့် တွံတေးမွေးမြူရေးဇုန်သို့ ဆိုလာစနစ်သုံး ရေတင်စက်များဖြင့် ရေဖြန့်ဝေရန် ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
    တွံတေးမွေးမြူရေးဇုန်သည် နေ့စဉ်ပျမ်းမျှ ရေဂါလန် ၂၂ သိန်းကျော် လိုအပ်လျက်ရှိရာ ၎င်းလို အပ်ချက်ကို ဖြည့်တင်းရန် စက်ရေတွင်းလေးတွင်း တူးဖော်၍ ဆိုလာ ရေစုပ်ပန့်စနစ် တပ်ဆင်၍ လည်းကောင်း၊ ဇုန်ဧရိယာတွင် ရေလှောင်ကန်များဖြင့် ရေသိုလှောင်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ကန်ကြီးကုန်း ကျေးရွာအနီးရှိ ကန်ကြီးကုန်း ကန်ဟောင်းအား အဆင့်မြှင့်တင် ပြန်လည်ပြုပြင်ပြီး ရေသိုလှောင် ထည့်သွင်းကာ ဆိုလာစနစ်သုံး ရေအမြင့်တင် စက်များဖြင့် ရေစစ်တင်ယူ၍လည်းကောင်း မွေးမြူရေးဇုန်၏ ရေလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
    လက်ရှိမှာ ဆိုလာစနစ်သုံးရေတင် စက်များဖြင့် ရေတင်၍ မွေးမြူရေးဇုန်သို့ ပိုက်လိုင်းများ သွယ်တန်းပြီးဖြစ်ကြောင်းနှင့် ကန်ကြီးကုန်းကန် ပြန်လည်အဆင့်မြှင့်တင် ရေးလုပ်ငန်းနှင့် ဆိုလာရေစုပ်ပန့် တပ်ဆင် ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
    တွံတေးမွေးမြူရေးဇုန်ဟာ တွံတေးမြို့နယ် တလုတ္ထော်ကျေးရွာအနီးမှာရှိပြီး မွေးမြူရေးဇုန်(၁) တွင် ငါးမွေးမြူရေးကန်၊ ဆိတ်မွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံများရှိ၍ မွေးမြူရေးဇုန်(၂)နှင့် မွေးမြူရေး ဇုန်(၃)တို့တွင် မြန်မာကြက်မွေးမြူခြင်း အပါအဝင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ ငုံးနှင့် ဘဲမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။ သက်မှူး

Total Views ~ 25

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.