ရန်ကုန်၊ မေ ၂၁
မြန်မာနိုင်ငံသည် ထိုင်ဝမ်နှင့် သံတမန်အရေး ဆက်ဆံမှုမရှိကြောင်းနှင့် နိုင်ငံတစ်ခုအဖြစ်လည်း အသိအမှတ်ပြုထားခြင်း မရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်ကို ပြောကြားခဲ့သည်။
အဲ့ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သဘောထားရပ်တည်ချက်ကတော့ မြန်မာနိုင်ငံဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ (Peo-ple’s Republic of China) စတင်တည်ထောင်ကတည်းက အစောဆုံး အသိအမှတ်ပြု ထောက်ခံတဲ့ နိုင်ငံများမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံတွေဖြစ်ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အစဉ်အဆက်ထိန်း သိမ်းခဲ့တဲ့ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံထဲမှာ စစ်ရှုံးပြီးတော့ မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ပြီး တရုတ်ကို ပြန်လည်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့တဲ့ ကူမင်တန် တရုတ်ဖြူတပ်တွေကို ၁၉၅၃ ခုနှစ်တုန်းက မြန်မာ့တပ်မတော်က စစ်ဆင်ရေးကြီး ၁၁ ခုနဲ့ ချေမှုန်းခဲ့ရပါတယ်။ ဒီတရုတ်ဖြူတပ်တွေကို အဲဒီတုန်းက မြန်မာနိုင်ငံအတွင်းထဲမှာ ရောက်နေတဲ့ တရုတ်ဖြူတပ်တွေကို ထောက်ခံအားပေးပြီး ထောက်ပံ့ပေးနေတာလည်း အမေရိကန်နိုင်ငံပဲ ဖြစ်ပါတယ်။ အဲဒီမှာ အားလုံးသိကြမှာပဲ။ ကျွန်တော်တို့ လေကြောင်းတိုက်ပွဲပေါ့။ ဗိုလ်ပီတာရဲ့ လေကြောင်းတိုက်ပွဲဆိုတာ ထင်ရှားတဲ့ တိုက်ပွဲဖြစ်ပါတယ်။ အမေရိကန်က တရုတ်ဖြူကို ကူညီထောက်ပံ့နေတဲ့ သယ်ယူပို့ဆောင်ရေး စစ်ရေယာဉ်ကို တိုက်ခိုက်ခဲ့ရတဲ့ စီးချင်းထိုးတိုက်ပွဲဖြစ်တယ်။ အဲဒီတိုက်ပွဲတွေမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်သူတွေရဲ့ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဆက်လက်၍ "မြန်မာနိုင်ငံဟာ ထိုင်ဝမ်နဲ့ သံတမန်အဆက်အသွယ်မရှိသလို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားခြင်းလည်းမရှိပါဘူး။ မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ် ပေါက်လာကတည်းက ဒီကနေ့အထိ တရုတ်တစ်နိုင်ငံ တည်းမူဝါဒ One China Policy ပေါ်မှာ ခိုင်မာစွာ ရပ်တည်ထောက်ခံခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဆက်လက်ပြီး ခိုင်မြဲစွာရပ်တည်သွားမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို အမြဲအလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြည့်စွက်ပြောကြားသည်။