Breaking

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံခဲ့မှု နိုဝင်ဘာလအတွင်း ၁၉၀၀ ကျော်ရှိ

၂၀၂၃ ဒီဇင်ဘာ ၁၃
    ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တရား ဝင် ပြန်လည်လွှဲပြောင်းပေးခြင်းအား သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်း၍ ပြန်လည်ကြို ဆိုလက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကျား ၁၅၇၄ ဦး၊ မ ၃၉၃ ဦး၊ စုစုပေါင်း ၁၉၆၇ ဦးတို့ကို ပြန်လည် ကြိုဆိုလက်ခံခဲ့ကြောင်း အလုပ်သမားဝန်ကြီး ဌာနမှသိရသည်။
    အမေရိကန်အစိုးရ၏ ၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာပါ အကြံပြု ချက်များနှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေ မှုအခြေအနေတို့ နှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းအချက်ကို ထည့်သွင်းထားသည်။
    ထို့အပြင် Compliant Mechan-ism Center များ၊ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး များ၊ ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီပေးရေးဗဟို ဌာနများ၊ အလုပ်သမား သံအရာရှိရုံးများနှင့် ဝန်ကြီးဌာနသို့ အလုပ်သမားရေးရာတိုင် ကြားမှုများအပေါ် လက်ခံဖြေရှင်းပေးလျက် ရှိရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စုစုပေါင်းတရားစွဲဆိုမှုသုံးမှု၌ တရားစွဲဆိုခံရသူ သုံးဦးရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ သိရသည်။
    ယင်းအပြင် Safe Migration Facebook Page တွင် အလုပ်သမားရေးရာ သတင်းအချက်အလက်များ အား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ အလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Over-seas Worker Identification Card - OWIC) ပြု လုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်ပြုသည့် စာရင်း များအား ဝန်ကြီးဌာနမှ  စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
    ပြည်တွင်း အလုပ်သမားခန့်ထားမှု နှင့်ပတ်သက်၍ ၁၉၅၉ ခုနှစ် အလုပ်ခန့် ထားမှုကန့်သတ်ရေး အက်ဥပဒေနှင့်အညီ အလုပ်ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင် နိုင်စွမ်းပေါ်မူတည်၍ အလုပ်ရှင်များ၏ လိုအပ်ချက်အရ သင့်လျော်သူများကို ရွေးချယ်ခန့်အပ်နိုင်ရန် စည်းကြပ် ဆောင်ရွက်လျက်ရှိပြီး တည်ဆဲ အလုပ်သမားဥပဒေများတွင် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ကျား/မခွဲခြားမှုမရှိဘဲ၊ မြို့ပြ/ကျေးလက်မကျန် အလုပ်အကိုင်နေရာချ ထားရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများသည် ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိ အလုပ်အကိုင်နှင့်အလုပ်သမား ရှာဖွေရေးရုံးများတွင် အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမား မှတ်ပုံတင်နိုင်ပြီး ယင်းကဲ့သို့ အလုပ်သမား မှတ်ပုံတင်ထား သော အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများ အနေဖြင့် အလုပ်ရှင်များထံမှ အမှာစာများ လက်ခံ၍ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေး လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Total Views ~ 257

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.