Breaking

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ရရှိလစာမှ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ ပေးပို့ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

၂၀၂၃ ဒီဇင်ဘာ ၁၃
    အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် အလုပ်သမားရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင် ရွက်နိုင်ရေး  မြန်မာ-ထိုင်းနှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအနေဖြင့် ရရှိသည့်လစာမှ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ ပေးပို့ရန် ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
    ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးက ရစ်ချဘူရီမြိုရှိ Thai Tan Food စက်ရုံနှင့် Star Food စက်ရုံရှိ MoU မြန်မာလုပ်သားများနှင့် တွေ့ဆုံရာတွင် သက်ဆိုင်ရာ မိသားစုများထံ ရရှိလစာ၏ ၂၅ ရာခိုင် နှုန်းပေးပို့ကြရန်၊ Remmittance Manage-ment System Mobile Application ဖြင့် မြန်မာနိုင်ငံရှိ မိသားစုများထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ဖြင့် လွှဲပို့နိုင်ရေး ဆောင်ရွက်ကြရန်၊ ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် တရားမဝင် ငွေလွှဲပြောင်းပေးပို့မှုများကို လျော့နည်းစေရေး၊ ငွေကြေး လိမ်လည်ခံရမှုများ လျော့နည်းပပျောက်စေရေး၊ ၎င်းတို့၏ လုပ်ခလစာများကို တရားဝင်လမ်းကြောင်း များမှတစ်ဆင့် လုံခြုံစိတ်ချစွာ ပြန်လည်လွှဲပြောင်းပေးပို့နိုင်ရေး ရည်ရွယ်လျက် အလုပ်သမားစေ လွှတ်သည့် အေဂျင်စီနှင့် အလုပ်သမားများအကြားချုပ်ဆိုရသည့် သဘောတူစာချုပ်တွင် အလုပ်သမား သည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ တရားဝင် ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန် ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ်အများ ဆုံး သုံးလလျှင်တစ်ကြိမ် သုံးလစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေး ပို့နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။
    ထို့အပြင် မြန်မာလုပ်သားများအနေဖြင့် လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်း များလိုက်နာရေးနှင့် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ ပြည့်ပြည့်၀၀ ရရှိစေရေးတို့အတွက် အခြေခံဗဟုသုတများ သိရှိထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အခက်အခဲများ၊ ပြဿနာများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ မြန်မာအေဂျင်စီများထံသို့ ဆက်သွယ်ခြင်း၊ အလုပ်သမား သံအရာရှိရုံးနှင့် ဝန်ကြီးဌာနသို့ အချိန်မရွေးဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားခဲ့ သည်။

Total Views ~ 186

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.