Breaking

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ဘဏ်စာရင်းများကြောင့် ဖမ်းဆီးခံရပါက သံအရာရှိရုံးသို့ လာရောက် အကူအညီတောင်းခံနိုင်

ရန်ကုန် ဇွန် ၁၂
    ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော MoU လုပ်သားများ၏ ဘဏ်စာရင်း၊ ဘဏ်စာအုပ်များနှင့်ပတ်သတ်၍ မသင်္ကာဖွယ်ရာများကြောင့် ထိုင်းအာဏာပိုင်များက ဖမ်းဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံရပါက အလုပ်သမား သံအရာရှိရုံးသို့ လာရောက်အကူအညီတောင်းခံနိုင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
    PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော MoU မြန်မာလုပ်သားများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် MoU ကုမ္ပဏီများမှ စီစဉ်ပေးသည့်ဘဏ်များ၌ ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ ဘဏ်စာအုပ် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရကာ ဘဏ်စာအုပ်ပြု လုပ်ချိန်တွင် မြန်မာလုပ်သားအချို့မှာ ဘဏ် လုပ်ငန်းစဉ်များနှင့် မရင်းနှီးသည့်အတွက် MoU ကုမ္ပဏီမှ ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များ အတိုင်း လိုက်ပါဆောင်ရွက်ရခြင်း၊ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်အား ကိုယ်စားလှယ်အချို့မှ ထိန်း သိမ်းထားခြင်းတို့ ကို ကြုံတွေ့ခဲ့ရသည်။
    အဆိုပါဘဏ်စာရင်းနှင့် ဘဏ်စာ အုပ်ထိန်းသိမ်းထားသူ ကိုယ်စားလှယ်များသည် ဥညူငညန မှတစ်ဆင့် လောင်းကစားလုပ် သူများ၊ ငွေကြေးခဝါချလိုသူများထံ မြန်မာလုပ်သားများ၏ ဘဏ်စာ ရင်းနှင့် ဘဏ်စာ အုပ်များကို အခကြေးငွေရယူပြီး ပေးအပ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြသည်။ 
    ထို့ကြောင့် အဆိုပါဘဏ်စာရင်း များတွင် ငွေကြေးဝင်၊ ထွက်မှုများခြင်း၊ စုဆောင်းငွေများ ပြားခြင်း စသည့် မသင်္ကာဖြစ်ဖွယ်ကိစ္စများကြောင့် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့အစည်းများမှ ဘဏ်စာရင်း စာအုပ်ပိုင်ရှင် မြန်မာလုပ်သားများကို ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ အချုပ်ထောင်တွင် ချုပ်နှောင်ထားခံရခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်း စသည့်ဖြစ်စဉ်များ တွေ့ကြုံနေ ရကြောင်း သိရသည်။
    ထိုသို့ ဆင့်ခေါ် ဝရမ်းထုတ်ခြင်း၊ ချုပ်နှောင်ခြင်း တွေ့ကြုံပါက အောက်ပါစာရွက်စာတမ်းများကို ကိုယ်တိုင်၊ သို့မဟုတ် မိတ်ဆွေတို့မှ ယူဆောင်၍ မြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိရုံးသို့ လာရောက်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။ အကူအညီ တောင်းခံသူများအနေဖြင့် ဆင့် ခေါ်ဝရမ်းထုတ်ခံရသူ၊ သို့မဟုတ် ချုပ်နှောင်ခံထားရသူ၏ နိုင်ငံကူးလက်မှတ် မိတ္တူ (ဓာတ်ပုံပါ)၊ တယ်လီဖုန်းနံပါတ်၊ စာရင်းဖွင့်ခဲ့သော ဘဏ်အမည်နှင့် နယ်မြေ၊ ဘဏ်စာ ရင်းဖွင့်ရာတွင် လိုက်ပါ ဆောင်ရွက်ခဲ့သူ (ဓာတ်ပုံမှတ်တမ်းရှိပါက ယူဆောင်လာရန်)နှင့် မြန်မာလုပ်သားများအနေဖြင့် ဘဏ်စာရင်း၊ ဘဏ်စာအုပ်နှင့် PIN နံပါတ်များကို မိမိတစ်ဦးတည်း၊ သို့မဟုတ် မိသားစုထံတွင် သိမ်းဆည်းထားရန် သံရုံးမှ အကြံပြုထားသည်။

Total Views ~ 232

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.