နေပြည်တော်၊ ဇွန် ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် လေးနှစ်တာကာလအတွင်း ကုန်သွယ်မှု ပိုငွေပြခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
"ကျွန်တော်တို့ နိုင်ငံရဲ့ GDP က နည်းပါးနေသေးတယ်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းမှာ ပြည်တွင်းနဲ့ ပြည်ပသို့ တင်ပို့ရောင်းချတဲ့ ပစ္စည်းတွေမှာ ပြည်ပသို့ တင်ပို့ရောင်းချနိုင်တဲ့ပစ္စည်းတွေ ပိုမိုထုတ်လုပ် တင်ပို့ရောင်းချနိုင်မယ်ဆိုရင် နိုင်ငံခြားဝင်ငွေတွေ ပိုမိုရရှိမှာဖြစ်တယ်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ကုန် သွယ်မှုမှာ ၂ ဒသမ ၃ ဘီလီယံခန့် ပိုငွေပြခဲ့ပါတယ်။ သို့သော် Non Trade မှာ လိုငွေပြသမှုများပြားတယ်။ ကျွန်တော်တို့ အစိုးရလက်ထက် လေးနှစ်အတွင်း ပထမနှစ်မှာ ကုန်သွယ်မှုပိုငွေပြပြီး ဒုတိယနဲ့ တတိယနှစ်မှာ ကုန်သွယ်မှုလိုငွေများ ပြခဲ့တယ်။ စတုတ္ထနှစ်မှာ ကုန်သွယ်မှု ပိုငွေပြခဲ့ပြီး စုစုပေါင်း လေးနှစ်တာ ကာလအတွင်း ကုန်သွယ်မှု ပိုငွေပြခဲ့တယ်။ သို့သော် Non Trade မှာ လိုငွေပြမှုတွေကြောင့် နိုင်ငံခြား ငွေဈေးတွေ မြင့်တက်နေတာ ဖြစ်တယ်။ အဲဒီလို ဖြစ်ပွားရခြင်းများကို စိစစ်တဲ့အခါမှာ ပြည်ပ ကို ထွက်ခွာမှုတွေ များပြားတာကို တွေ့ရပြီး နိုင်ငံခြားငွေသုံးစွဲမှု များပြားတယ်။ ဒါကြောင့် နိုင်ငံခြားငွေတွေ ပြန်လည်ရရှိစေရေး စက်ရုံအလုပ်ရုံတွေ လည်ပတ်ပြီး ပို့ကုန်ပိုမို တိုးတက်အောင် တင်ပို့နိုင်အောင် ထုတ်လုပ်သွားဖို့လိုတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများ ဆောင်ရွက်နေကြသူများ အနေ နဲ့ ပိုမို လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြဖို့ လိုတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြား သည်။
မေ ၃၀ ရက်က ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ (Rebuilding Myanmar : Post Earthquake Economic Recovery) ဖွင့်ပွဲအခမ်းအနား ကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ခန့် ကတည်းက MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြင့် MSME ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိရာ အဆိုပါ ထုတ်ကုန်ပစ္စည်းများသည် စားသောက်ကုန်ကို အခြေခံသည့် ထုတ်ကုန်ပစ္စည်း အများစုဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်