နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ဖို့ ဆိုရင် အားလုံးစည်းလုံးဖို့ အချိန်တန်ပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

၂၀၂၃ မတ်လ ၂၇

နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးစည်းလုံးဖို့ အချိန်တန်ပြီ လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

 '' ကျနော်တို့ နိုင်ငံရဲ့ ပထဝီ နိုင်ငံရေး သမိုင်းကြောင်း အခြေအနေတွေအရ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သတ်လာရင် နောက်ကျကျန်နေတာ အားလုံးအသိပါပဲ။ တိုင်းပြည် ဖွံ့ဖြိုးမှု နောက်ကျတာနဲ့ ပတ်သတ်ပြီး မျိုးစုံ ပြောကြတာပဲ။ အဓိက အကြောင်းအရင်းက လက်နက်ကိုင် ပဋိပက္ခတွေရှိလို့ ငြိမ်းချမ်းမှု မရှိလို့ ပြောကြတယ်။ဘယ်လိုပဲ ပြောပြော ကျနော်တို့ ပြန်ကြည့်ရင်တော့ စည်းလုံးညီညွတ်မှု အားနည်းတယ်။ သမိုင်းကြောင်း ပြန်ကြည့်ရင်လည်း ကျနော်တို့ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ်မှု ရှိတဲ့အချိန်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းမှာ စီးပွါးရေး ကာကွယ်ရေး မိုင်ငံရေးအရ အင်အား အဆင့်အတန်းရှိတဲ့ နိုင်ငံ ဖြစ်ခဲ့တယ်။ စည်းလုံးမှု မရှိရင် မဖြစ်ခဲ့ဘူးပေါ့ဗျာ။ဒါကြောင့်မို့ အခု ၇၈ နှစ်မြောက် တပ်မတော်နေ့မှာ ပြောချင်တာက ကျနော်တို့အားလုံး တိုင်းရင်းသား ပြည်သူတွေ အားလုံး စည်းလုံးဖို့ အချိန်တန်ပြီ။ ကျနော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးစည်းလုံးဖို့ အချိန်တန်ပြီ အားလုံးလက်တွဲ ဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်” လို့  တပ်မတော်နေ့ အခမ်းအနားမှာ မီဒီယာတွေကို ပြောတာကြားခဲ့ပါသည်။

Total Views ~ 285

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43456

© 2022 - 2025 News. All Rights Reserved.