Breaking

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိ၍ ရခိုင်အမျိုးသားပါတီ၏ ပါတီမှတ်ပုံတင်လျှောက် ထားခြင်းကို UEC ငြင်းပယ်

ရန်ကုန်၊ ဇူလိုင် ၂ 
    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိ၍ ရခိုင်အမျိုးသား ပါတီ (Arakan National Party) ၏ ပါတီမှတ်ပုံတင် လျှောက်ထားခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ငြင်းပယ်လိုက်ကြောင်း ဇူလိုင်လ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည် ထောင်မှတ်ပုံတင်ပေးပါရန် ရခိုင်အမျိုးသား ပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    ထို့ကြောင့် ပြည်ထောင်စုရွေး  ကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ (ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
    လက်ရှိတွင် ပါတီဆက်လက် တည်ထောင် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင် ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သတင်း ထုတ်ပြန်ခဲ့သည်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.