Breaking

နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံ၏အုပ်ချုပ်‌ရေး၊ ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့်သူများဖြစ်လာမည်ဖြစ်၍ ပါတီထူထောင်မှုများကို စနစ်တကျစိစစ်ရခြင်းဖြစ်ဟု UEC ဥက္ကဋ္ဌ ပြော

၂၀၂၃  အောက်တိုဘာ ၃၀
    နိုင်ငံရေးပါတီများ ထူထောင်မှုကို  စနစ်တကျဖြစ်စေရန် ကော်မရှင်မှ စိစစ်ရခြင်းမှာ နိုင်ငံရေး ပါတီများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏ အုပ်ချုပ်‌ရေးနှင့် ဥပဒေပြုရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့်သူများဖြစ်လာမည်ဖြစ်၍ ဥပဒေ နှင့် ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှုရရှိစေရန်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌဦးသိန်းစိုးက ပြောသည်။
    UEC နှင့် ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံ‌ရေးပါတီ ၁၃ ပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုး သားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သ မား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုး သားဒီမိုကရေစီပါတီသစ်၊ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီတို့မှ တိုင်းဒေသကြီး အဆင့် ပါတီတာ ဝန်ခံများနှင့် အောက်တိုဘာ ၂၈ ရက်က ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် တွေ့ဆုံစဉ် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင်  လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပ နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း များ မှန်မှန်ကန်ကန် ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပညာရှင်များ၏ နည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီ ရယူပြီး CVLMS (Central Voter List Management System) ဆော့ဝဲလ်အပါအဝင် အဆင့်မြင့်အိုင်တီနည်း ပညာများ အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏အကူအညီဖြင့် တီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ နေပြည် တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူများကို လက်တွေ့စမ်းသပ် မဲပေး နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း UEC ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့သည်။
    ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင်လည်းကောင်း၊ နည်းဥပဒေများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ရက်‌ပေါင်း ၆၀ အတွင်း ယခင်နိုင်ငံရေးပါတီ ၅၀ က မှတ်ပုံတင်ခွင့် ပြန်လည် လျှောက်ထားခဲ့ပြီး ပါတီအသစ် ၁၄ ပါတီ လျှောက်ထားလာခဲ့ရာ စုစုပေါင်း ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားလာသည့် ပါတီ ၆၄ ပါတီအနက် ၃၇ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း သိရသည်။
    နိုင်ငံတစ်ဝန်း စည်းရုံးမည့်ပါတီ ဖြစ်ပါက ပါတီဝင်အင်အား အနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်း‌ဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီ ဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီး မှတ်ပုံတင်ခွင့်ရ သည့် နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံး သတ်မှတ်ထားသည့် ရုံးခန်းအရေအတွက် ဖွင့်လှစ်ရန်၊ သတ်မှတ် ကာလအတွင်း အနည်းဆုံး စည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊ သတ်မှတ်ကာလအတွင်း ရုံးခန်းဖွင့်လှစ်နိုင်ခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည် မဟုတ်ကြောင်း UEC
မှ အသိပေး ထုတ်ပြန်ခဲ့သည်။

Total Views ~ 189

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.