Breaking

နိုင်ငံရေးပြဿနာကို လက်နက်ကိုင်၍ ဖြေရှင်းနေမည်ဆိုပါက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့် အခြေအနေကိုသာ ပေါ်ပေါက်စေမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ နိုဝင်ဘာ ၂၇
    နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်မဖြေရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည်ဆိုပါက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့် အခြေအနေကိုသာ ပေါ်ပေါက်စေမည်ဖြစ်ပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အန္တရာယ်ဖြစ်စေမည်ကို သတိထားကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင်ရေးသားဖော်ပြထားသည်။
    ဆက်လက်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပ‌ဒေစိုးမိုး ရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း ထည့်သွင်းဖော် ပြထားသည်။ တိုင်းရင်းသားများ အချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာ ခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ပူး ပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေပြီး နား လည်မှု လွဲမှားခြင်းနှင့် ပဋိပက္ခမှုများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေ ရှင်းနိုင်ကြောင်း၊ ယုံကြည်မှုအပေါ် အခြေခံသော ဆက်ဆံရေးသည် စိန်ခေါ်မှုများစွာကို အတူတကွဖြေရှင်းနိုင်ပြီး အဆုံး၌ ပိုမိုသဟဇာတရှိသော အတူတကွ ယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေကာ ရေရှည် တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေး ဖြစ်ထွန်းစေသည်ဟု ပါရှိသည်။ 
    ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထားမှတ်ချက်များကို နောင်လာမည့် လွှတ်တော် အစည်း အဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။ တွေ့ဆုံဆွေးနွေးမှုများကို စဉ် ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်သည် တိုင်းရင်းသားညီ အစ်ကို မောင်နှမများ အချင်းချင်း ယုံမှား သံသယကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများ ပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်လေးစား ချစ် ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရငြိမ်း ချမ်းရေး တည်ဆောက်ကြရမည့် အချိန်အခါ ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
    နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးအပ်ထားသည့် အခွင့်အရေးများ ကို အသုံးချပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စည်းလုံးညီ ညွတ်စွာဖြင့် အကောင်အထည်ဖော်ကြရန် တိုက်တွန်းပြောကြားသည်။
    မြန်မာတို့၏ လွတ်လပ်ရေးကြိုး ပမ်းမှုသမိုင်းတွင် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုသည် စွမ်းအားဖြစ်ကြောင်း သက်သေပြကမ္ပည်းစိုက်ထူနိုင်ခဲ့သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို ပြည် ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပခဲ့ရာ ၁၀၄ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ ထူးမြတ်

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.