Breaking

နွေစပါးရာသီအတွက် ဒီဇယ်ဆီနှင့် ဓာတ်မြေသြဇာများ သက်သာသောဈေးနှုန်းများဖြင့် လုံလောက်စွာရရှိရေး ညှိနှိုင်းစီစဉ်နေဟု ဆန်စပါးအသင်း ထုတ်ပြန်

၂၀၂၃ ဒီဇင်ဘာ ၁၃
    နွေစပါးရာသီအတွက် စက်မောင်း ဆီ(ဒီဇယ်ဆီ)နှင့် ဓာတ်မြေသြဇာများကို သက်သာသော ဈေးနှုန်းများဖြင့် လုံလောက်စွာရရှိရေး ညှိနှိုင်းစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF)မှ ဒီဇင်ဘာ ၈ ရက်က အသိပေးထုတ်ပြန်ထားသည်။ 
    ပြီးခဲ့သည့်ရက်ပိုင်းက ဗဟိုဘဏ်၏ နိုင်ငံခြားငွေသတ်မှတ်ချက် ပြောင်းလဲမှုနှင့်အတူ စက်သုံးဆီ ပြတ်လပ်တော့မည်၊ ဈေးတက်တော့ မည်ဆိုသော ကောလာဟလသတင်းများ၊ လူမှုကွန်ရက်ပေါ် မှမဟုတ်မမှန် သတင်းများကြောင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ကာ ပုံမှန်သုံးစွဲမှု ပမာဏထက် ကျော်လွန်ဝယ်ယူနေမှုကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူနေမှုများ ဖြစ်ပေါ်ခဲ့ရသည်။ 
    အဆိုပါ ကြုံတွေ့နေရသော စက်မောင်းဆီများ ဝယ်ယူရေးဆိုင်ရာ အခက်အခဲမှာ ရက်ပိုင်းအတွင်း ပြေလည်နိုင်သည့် အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အသိပေးထားပြီး ပို့ကုန်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ဝင်ငွေ/ နိုင်ငံခြားငွေအား အနစ်နာခံ၍ အလွန်သက်သာသောနှုန်းဖြင့် ရောင်းချပေးနေမှုအပေါ် ပြန်လည်စဉ်းစားသုံးသပ်ပြီး ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ နိုင်ငံတော် အစိုးရအနေဖြင့် ပို့ကုန်ဝင်ငွေဆိုင်ရာ သတ်မှတ်ချက်များကို ဖြေလျှော့သတ်မှတ် ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
    ထို့အပြင် လက်ရှိအချိန်တွင် မိုးစပါးပေါ်ထွက်နေချိန်ဖြစ်ပြီး ပြည်တွင်းဆန် ဖူလုံမှုသည် လုံလောက်သည်ထက် ပိုလျှံမှုရှိပါသဖြင့် စားသုံးသူ ပြည်သူများအနေဖြင့် လည်း ပုံမှန်အတိုင်းလိုအပ် သော ပမာဏကိုသာ ဝယ်ယူရန်အကြံပြု တိုက်တွန်းထားပြီး နိုင်ငံခြားငွေဆိုင်ရာ သတ်မှတ်ချက်များ ပြောင်းလဲမှုကို အခွင့်ကောင်းယူပြီး ပြည်တွင်းဆန်စပါး ဈေးကွက်အတွင်းရှိ ဆန်ဈေးနှုန်းများအား လိုအပ်သည်ထက်ပို၍ တိုးမြှင့်ရောင်းချမှုများကို မပြုလုပ်ပါရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချပေးနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ တိုက်တွန်းထားသည်။

Total Views ~ 186

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.