Breaking

ပဋ္ဌာန်းပူဇော်ပွဲ ကျင်းပရန် အစည်းအဝေး ကျင်းပနေသူများကို PDF အကြမ်းဖက်အဖွဲ့ လာရောက်ပစ်ခတ်မှုကြောင့် ခုနစ်ဦး သေဆုံး

ရန်ကုန် ဇွန် ၄
    ညောင်ဦးမြို့ ပုဂံမြို့သစ် ဂန့်ဂါရပ်ကွက်တွင် မဟာပဋ္ဌာန်းပူဇော်ပွဲ ပြုလုပ်ရန် အစည်းအဝေး ကျင်းပနေသည့် ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့သဖြင့် ရပ်မိရပ်ဖ ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၁ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ပုဂံမြို့သစ် ဂန့်ဂါ ရပ်ကွက်ရှိ ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် အပါအဝင် ရပ်မိရပ်ဖများသည် မဟာပဋ္ဌာန်း ပူဇော်ပွဲပြုလုပ်ရန် အစည်းအဝေး ပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၁၅ ဦးခန့်သည် လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့သဖြင့် ဦးမြင့်ဇော် အပါအဝင် ရပ်မိရပ်ဖ ခုနစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံး၊ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
    ဘာသာသာသနာအတွက် ဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ ရပ်မိရပ်ဖများအား လူသားမဆန်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး အရေးယူဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ထူးမြတ်

Total Views ~ 41

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.