၂၀၂၄ ၊ ဇန်နဝါရီ ၃၁
ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေသည့် ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော် MICC-1 ၌ ကျင်းပမည့် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို ပရိသတ်အကြိုက် ရင်ဘတ်ထဲက အကယ်ဒမီနှင့် ပညာရှင်များပေးအပ်သည့် အကယ်ဒမီ တိုက်ဆိုင်မည်လားဆိုသည်ကို မကြာမီ စင်မြင့်ပေါ်တွင် သိရှိရတော့မည်ဖြစ်သည်။
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆု အကယ်ဒမီနှင့်ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ရုပ်ရှင် ဇာတ်ကားကြီး ၃၅ ကားမှ ဆန်ခါတင်စာရင်းဝင် ၁၂ ကားကို ရွေးချယ်ထားကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးမှာ ၁၂ ကားသာရှိသည့်အတွက် ဇာတ်ကားရေနည်း ပါးသောကြောင့် ယနေ့အချိန်အထိ ကြိုတင်၍ တရားဝင်ကြေညာခြင်း မရှိခဲ့ပေ။ ရုပ်ရှင်ကားကြီးများတွင် ကိုယ်ပွား၊ ကံကောင်း၊ ငါမုန်းတဲ့အက္ခရာ၊ ဘယ်တော့မှ အရှုံးမပေးဘူး၊ စတုတ္ထမြောက်သွေးကြောမျှင်၊ မုန်းခွင့် စသည်ဇာတ်ကားများမှ မင်းသား၊ မင်းသမီးများကို ပရိသတ်များအနေဖြင့် ခန့်မှန်း၍ အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ် ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုဟူ၍ စသည်တို့ကို ခန့်မှန်းပေး လျက်ရှိကြောင်း သိရသည်။
အကယ်ဒမီထူးချွန်ဆု ရွေးချယ် စိစစ်အကဲဖြတ်အဖွဲ့ဝင်ဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီ ဦးဇော်မြင့်ဦး
"ဒီနှစ်အကယ်ဒမီ စာရင်းဝင် ၁၂ ကားကို တတိယအကြိမ် ကြည့်ရှုပြီးစီးလို့ ချိပ်ပိတ်ထားပါပြီ။ Nomination စာရင်းဝင် ၁၂ ကားကိုတော့ ဒီရက်ပိုင်းမှာ အတိအလင်း ကြေညာပေးမှာပါ။ ခုချိန်ထိက အထက်က စာရင်းတွေ ထုတ်ပြန်ဖို့ အကြောင်းမကြားလာ သေးပါဘူး။

အကယ်ဒမီ မို့မို့မြင့်အောင်
"မွန်းတည့်ချိန်တွင် နေဝင်သည်က ပထမဦးဆုံးကားပါ။ နှလုံးသားမြို့တော်က ဒုတိယမြောက် ကားပါ။ နှလုံးသားမြို့တော်က ဇာတ်က ကိုယ့်ဇာတ်လေးဖြစ်နေတယ်။ ဒါပေမဲ့ အကယ်ဒမီရပါစေ လို့ဆိုပြီး ရိုက်တာမဟုတ်ပါဘူး။ ဘယ်ကားမှ အကယ်ဒမီရပါ လို၏ဆိုတဲ့ စိတ်နဲ့ရိုက်တာမဟုတ်ဘူး။ ကိုယ့်အတတ်ပညာကိုပဲ ကိုယ်ကြိုးစားတယ်။ မမို့ ဆရာ ဦးတင်ဦးကလည်း အဲဒီမှာ တကယ် မောင်းတာ။ မမို့ဆရာက မမို့မှာရှိတဲ့ ပညာကို ဆွဲထုတ်ပေးနိုင်တယ်။ အကယ်ဒမီရလို စိတ်နဲ့ ရိုက်ခဲ့တာ မဟုတ်ပါဘူး။ အတက်ပညာတစ်ခုကိုပြန်သွေးပြီးတော့ ရိုက်တာပါ။ အဲဒီကားနဲ့ပတ်သက်ပြီး မမို့ကျေနပ်ပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်
ဒီနှစ်ကတော့ ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားတွေလည်းရှိနေတော့ ရင်ခုန်ပါတယ်။ ပရိသတ်တွေကလည်း မှန်းပေးကြတယ်။ ကိုယ့်ကိုချစ်တဲ့သူဆိုတော့လေ။ အဲဒီ လိုဆိုတော့ ရင်ခုန်တာပေါ့။ အကယ်ဒမီက နတ်လည်းကြီးတယ်။ ပြီးတော့ အနုပညာရှင်တိုင်းအတွက် တန်ဖိုးဖြတ်လို့မရတဲ့ဆုဆိုတော့ အကယ်ဒမီဆုက ကိုယ့်အတွက် တန်ဖိုးအရမ်းရှိတယ်။

သရုပ်ဆောင် ထက်ထက်ထွန်း
"အကယ်ဒမီပေးပွဲကို အရမ်းတက်ချင်ပါတယ်။ အနုပညာစလုပ်တဲ့အချိန်မှာ ကိုယ့်ကိုအသိမှတ်ပြုပြီး ဖိတ်ကြားခံရတာမျိုးကို ခံချင်ခဲ့တာ။ အရင်တုန်းက မဟော်ဂနီနဲ့စပြီး အနုပညာအလုပ်တွေ စလုပ်တော့ မယ်နုဆိုတဲ့ နာမည်နဲ့လုပ်တယ်။ အဲဒီနှစ်က စပြီးတော့ အဖိတ်ခံရတယ်။ ဒါပေမဲ့ မသွား ဖြစ်လိုက်ဘူး။ စိတ်မကောင်းဖြစ်သွားတယ်။ သွားပြီးတော့ အားပေးမှာပါ။ ထက်က ရုပ်ရှင်ကားတိုင်း အကုန်မကြည့်ဖူးဘူး။ သွားလာရိုက်ကူးနေရတာ ဆိုတော့လေ။ အဲဒါကြောင့် ဘယ်သူရမလဲဆိုတာကို မခန့်မှန်းချင်ပါဘူးရှင့်။ ဘိုးတော်ကင်း ရုပ်ရှင်းကားနဲ့ ပတ်သက်ပြီးလည်း ထက်အကယ်ဒမီ မမှန်းပါဘူး။ အဲဒီမှာ ခြူးလေးတို့ ငိုထားတာအရမ်း မိုက်တယ်။ မအိချောတို့ဆိုလည်း အိုက်တင်တွေငြိမ်နေတာပဲ။ အဲဒီထဲမှာကိုယ်က ကလေးပါ။ အကယ်ဒမီကို တစ်ချိန်ချိန်ကြရင်တော့ လိုချင်တာပေါ့။ ကြိုးစားမယ်။ ဖြစ်နိုင်တဲ့ တစ်နေ့၊ ရနိုင်တဲ့ တစ်နေ့ကြရင် ယူမှာပါ။

သရုပ်ဆောင် သဇင်ထူးမြတ်
"ဒီနှစ် အကယ်ဒမီပွဲက လေးယောက်တက်မယ်ပေါ့နော်။ အရမ်းကြီး ပုံအဆန်းကြီး မလုပ်ပါနဲ့လို့ သမီးမဝတ်ရဲလို့လို့ ပြောထားတယ်။ ရိုးရိုးရှင်ရှင်းပဲ ကြိုက်တဲ့အတွက် ပုံစံတူဝတ်ပါလားဆိုတော့ ပုံစံတူတော့ မဝတ်ဘူးတဲ့ နည်းနည်းချိတ်တူရင် တူလိုက်လို့တော့ ပြောတယ်။ ဖေဖေနဲ့မေမေနဲ့က သူဟာနဲ့သူ ကတော့ ဖက်ရှင်မိုက်တယ်။ ကိုယ့်တွေဆိုရင်တော့ လိုက်မလုပ်နိုင်ဘူး။

၂၀၂၃ ခုနှစ် ရုံတင်ကားများအတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးကို ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီဆုများအပြင် တက်ရောက်မည့် အနုပညာရှင်များအနေဖြင့်လည်း အဝတ်အစား ဒီဇိုင်းများကိုလည်း ပြင်ဆင်ထားပြီးဖြစ် သည့်အတွက် ပရိသတ်များအနေဖြင့်လည်း တက်ရောက်မည့် အနုပညာရှင်များ၏ ဖက်ရှင်ပုံစံများကိုလည်း စိတ်ဝင်စား၍ ၂၀၂၃ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည့် ဝတ်စားဆင် ယင်မူ အကောင်းဆုံးဆုကို မည်သူရ ရှိမည်ကိုလည်း ခန်မှန်း၍ ရင်ခုန်နေကြောင်း သိရသည်။၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ အတွက် အကောင်းဆုံး Academy Fashion Award ဆုကို အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆု ရန်အောင်၊ အကောင်း ဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆု စိုးမြတ်သူဇာ၊ အကောင်းဆုံးဝတ်စား ဆင်ယင်မှု အမျိုးသားဆု အောင်ရဲလင်း၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆု မိုးဟေကိုတို့ က အသီးသီးရရှိခဲ့ကြောင်း သိရသည်။