၂၀၂၃ မတ်လ ၁၃
ပအိုဝ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပအိုဝ်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းဇိမ်ကို ထိခိုက်အောင် နှောက်ယှက်ဖျက် ဆီးခဲ့သည့် KNPP/KNDF အဖွဲများကို လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန်ဆက်လက်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။
ပအိုဝ်ဒေသဆိုတာ အစဉ်အဆက် ငြိမ်းချမ်းလာတဲ့နယ် မြေဖြစ်တဲ့အတွက် တောင်ဘက်မှာရှိတဲ့ KNPP/KNDF အဖွဲ့တွေအနေနဲ့ ဒါ ပအိုဝ်ဒေသတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို၊ ပြီးရင် အစိုးရနဲ့တပ်မ တော် ၊ပအိုဝ်ပြည်သူလူထုကြားမှာ ထင်ယောင် ထင်မှားဖြစ်စေဖိုအတွက် ဒီသတင်းတွေကို ထုတ်လုပ် နေခြင်းဖြစ်တယ်။ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ သူတွေဟာ ဒီလူတွေပဲဖြစ်တယ်လို ပြောချင်ပါတယ်။ တပ်မတော်အနေနဲ့က တော့ ပအိုဝ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပအိုဝ် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းဇိမ်ကို ထိခိုက်ခဲ့တဲ့ ဒီ KNPP/KNDF အဖွဲတွေကို ကျွန်တော်တိုအနေနဲ့ ထပ်မံပြီး တော့ လုံခြုံရေးအရ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန်ဆက်လက်ဆောင်ရွက်သွားမယ် ဟု ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြိုနယ်၊နမ့်နိမ်ကျေးရွာတွင် မတ် ၁၁ ရက်ကဖြစ်ပွားခဲ့ သည့် ဘုန်းတော်ကြီး ၃ပါးနှင့် ပြည် သူများအစု လိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအား တပ်မတော်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ယခု ရက် ပိုင်းအတွင်း မီဒီယာ များမှာ စွပ်စွဲဖော်ပြမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် အထက်အတိုင်း ဗိုလ်ချုပ်ဇော်မင်း ထွန်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပင်လောင်းမြိုနယ်၊နမ့်နိမ်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ ဒီမတ်လဆန်းပိုင်းလောက်မှာ တောင်ဘက်မှာရှိတဲ့ KNPP/PDF အဖွဲတွေဟာ ပအိုဝ်ဒေသဘက်ကို တိုက်ခိုက်လာပြီး နှောက် ယှက်ဖျက်ဆီးနေတာတွေ့ရပါတယ်။ဒီဖြစ်စဉ်မှာလည်း မတ်လ ၁၁ရက်နေ့က ဖြစ်ခဲ့တယ်။ ပင်လောင်း မြို နယ် ၊ နမ့်နိမ့်ရွာပေါ့။ အဲဒီနေရာမှာ KNPP/KNDF အကြမ်း ဖက်အဖွဲတွေ ဝင်ရောက်လာပြီးတော့ ရွာကို ခြိမ်း ခြောက်တာတွေ နယ်မြေဒေသကို ခြိမ်းခြောက်တာတွေ ရှိလာတယ်။ဒါနဲ့ပတ်သက်ပြီးတော့ တပ်မတော်အနေနဲ့ ဒေသခံပြည်သူ့စစ်တွေနဲ့ ပူးပေါင်း ပြီးတော့ နယ်မြေ လုံခြုံရေးဆောင်ရွက်ခဲ့ပါတယ်။မတ်လ ၁၁ရက်နေ့ မနက် ၉နာရီမှာ ရွာနားလေးရောက်တဲ့အခါမှာ KNPP/KNDF အကြမ်းဖက် အဖွ့တွေက တပ်မတော်စစ်ကြောင်းတွေ၊ဒေသခံ နယ်မြေ ပြည် သူ့စစ်တွေကို စတင်တိုက်ခိုက်ခဲ့ တာရှိတယ်။ ချောင်းမြောင်း ပစ်ခတ်ခဲ့တာရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။ ပြီးရင် ဒီအဖွဲတွေအနေနဲ့က တည်ငြိမ်အေး ချမ်းနေတဲ့ ပအိုဝ်ဒေသနမ့်နိမ့်ရွာထဲကို ဝင်တယ်။ ဝင်ပြီးတော့ကျ ပစ်ခတ်ခဲ့ တာမျိုးတွေရှိတယ်။ ကျွန်တော်တို အနေ နဲ့ KNPP/KNDF အကြမ်း ဖက်အဖွ့တွေကို တိုက် ခိုက် ခဲ့ရတာမျိုးတွေရှိတယ်။ အဲဒီမှာ နောက်ပိုင်းမှာ အလောင်း၊လက်နက် အချို ရရှိခဲ့တာရှိတယ်။ ဒါ KNPP/KNDF အကြမ်းဖက် သောင်းကျန်းသူဘက်က ရရှိခဲ့တာ ရှိတယ်။ ပြီးရင် နေ့ခင်းပိုင်မှာ ၃နာရီ လောက်မှာလည်း ထပ်မံ တိုက်ပွဲဖြစ်တယ်။ ဖြစ်စဉ်တစ် ခုလုံး ကို ပြောရမယ်ဆိုရင်တော့ ပအိုဝ်ဒေသရဲ့ ငြိမ်းချမ်းနေမှု၊ ပအိုဝ်ဒေသရဲ့ ဖွ့ဖြိုးတိုးတက်နေမှုကို ဖျက်ဆီးဖိုလာရောက် ဆောင်ရွက်တာဖြစ်တယ်။ဒါ ရည်ရွယ် ချက်နဲ့ဆောင်ရွက်တာဖြစ်တယ်။ပြီးရင်လည်း တည်ငြိမ်အေးချမ်းနေ တဲ့ ပအိုဝ်ဒေသခံတွေ ပအိုဝ်ပြည်သူ့စစ်တွေ ဒေသခံလုံခြုံရေး အဖွဲတွေနဲ့ တပ်မတော်ကြားထဲကို ထင်ရောင်ထင်မှားဖြစ်စေဖို လုပ်ဆောင်တာမျိုးဖြစ် တယ်။ ကျွန်တော်တိုအနေနဲ့က KNPP/KNDF အကြမ်းဖက်အဖွဲတွေကိုပဲ တိုက် ခိုက်ခဲ့တာဖြစ်တယ်။ ဒီနေရာမှာ ရွာသူရွာသားတွေ သေတယ်ဆိုပြီး သတင်းအမှား အများကြီး ရှိခဲ့တယ်။ ပြီးရင် သူတိုဝင်သွားပြီးတော့ ရမ်းကားပစ် ခတ် ခဲ့တဲ့အတွက် ရွာသူရွာသား တစ်ချိုလည်း သေဆုံးတယ်၊ ထိခိုက်ဒဏ် ရာရ တယ် ဆိုတဲ့ဟာမျိုးတွေလည်း တွေ့ရတယ်။ ထွက်ပြေးရတာမျိုးတွေလည်း ရှိတယ် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ပအိုဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် တည်ငြိမ်အေးချမ်းမှုရှိသည့် ဒေသတစ်ခုဖြစ်ပြီး တပ်မတော်အနေဖြင့်ရော၊ အစိုးရ အနေဖြင့်ပါ ဒေသဖွံဖြိုး ရေး လုပ်ဆောင်နေကြောင်းသိရသည်။ပအိုဝ်ဒေသချင်းနီးစပ်နေသည့် ကယားပြည်နယ်တွင် တိုက်ပွဲတွေ ဖြစ်နေပြီး မငြိမ်မသက်ဖြစ်နေသော်လည်း ပအိုဝ်ဒေသသည် တည်ငြိမ်အေးချမ်းပြီး ဖွံဖြိုး တိုး တက်မှုလျက်ရှိနေပြီး တပ်မတော်အ နေဖြင့်လည်း ပအိုဝ်ဒေသရှိ နယ်မြေခံ ပြည်သူ့စစ်မျာ၊ PNO အဖွဲ အ စည်း၊နယ်မြေခံ အဖွဲအစည်းများဖြင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်း သိရသည်။