Breaking

ပုဂံ-လဲ့ရှန်း ချစ်ကြည်ရေးမြို့တော်တည်ထောင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၀
    မြန်မာနိုင်ငံ ပုဂံမြို့နှင့်တရုတ်နိုင်ငံ လဲ့ရှန်းမြို့တို့အကြား ချစ်ကြည်ရေးမြို့တော်တည်‌ထောင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး မြို့နှစ်မြို့ကြား ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
    မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်ချွမ်းပြည်နယ် လဲ့ရှန်းမြို့တွင် နိုဝင်ဘာ ၁၄ ရက်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့နှင့် တရုတ်နိုင်ငံ စစ်ချွမ်းပြည်နယ် လဲ့ရှန်းမြို့တို့အကြား ချစ်ကြည်ရေးမြို့တော် တည်‌ထောင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
    မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် လဲ့ရှန်းမြို့ CPC ပါတီ ကော်မတီအတွင်းရေး မှူး Mr. Zhao Bo တို့က အသီးသီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ပုဂံမြို့နှင့် လဲ့ရှန်းမြို့အကြား ယဉ်ကျေးမှု၊ ခရီးသွားလာရေးလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကဏ္ဍများ၌ ပိုမိုပူးပေါင်းဖလှယ်မှုများ ပြုလုပ် နိုင်ရန်အတွက် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် နှစ်ဖက်အကြား ချစ်ကြည်ရေး မြို့တော်တည်ထောင်ရေး နားလည်မှု စာချွန်လွှာကို မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ညွှန် ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးနှင့် လဲ့ရှန်းမြို့မြို့တော်ဝန် Mr. Chen Guanghao  တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။းဒေသကြီး ဝန်ကြီးချု

    အထက်ပါ လက်မှတ်ရေးထိုးပွဲ မတိုင်မီတွင် ကောင်စစ်ဝန်ချုပ်သည် မန္တလေးတိုင်ပ် ဦးမျိုးအောင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အတူလေးရက်ကြာ စစ်ချွမ်း ပြည်နယ် ချန်သူးမြို့၌ ပြုလုပ်သည့် ၂၀၂၄ နိုင်ငံတကာ ချစ်ကြည်ရေးမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 222

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.