ပဲခူး ရွှေမော်ဓောစေတီတော် ဘုရားပွဲ ၁၀ ရက်တိုင်ကျင်းပမည်

 

၂၀၂၃ မတ် ၁၃

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို မတ် ၃၀ ရက်မှ ဧပြီ ၈ ရက်အထိ ၁၀ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမယ်လို့ ရွှေမော်ဓောစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။

ရွှေမော်ဓောစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို (၂၆၀၅) ကြိမ်မြောက် ကျင်းပပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံက ဘုရားပွဲ တော်တွေအနက် အစည်ကားဆုံးပွဲတော်တွေမှာ ပါဝင်တယ်လို့ သိရပါတယ်။

ယခုနှစ် ဘုရားပွဲတော်မှာ ဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်း ကျင်းပမယ်လို့ သိရပါတယ်။

ရွှေမော်ဓောစေတီတော်ဘုရားပွဲကာလဟာ သင်္ကြန်ကာလနဲ့ နီးကပ်ပြီး မြန်မာနိုင်ငံ ဒေသအသီးသီးက ဘုရားဖူးတွေက သင်္ကြန်ပိတ်ရက်တွေမှာ လာရောက်ဖူးမြော်ကြသလို ပဲခူးပတ်ဝန်းကျင်ဒေသတွေ၊ မြို့နယ်တွေကလည်း ရိုးရာအစဉ်အ လာတွေအတိုင်း နွားလှည်း၊ ကျွဲလှည်းတွေနဲ့လည်း ညအိပ်ညနေ ပွဲတော်ကို လာရောက်လည်ပတ်မှု ရှိတယ်လို့ သိရပါတယ်။

 

Total Views ~ 332

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43369

© 2022 - 2025 News. All Rights Reserved.