ပဲခူးတိုင်း ပြည်မြို့မှာ အမျိုးသားတစ်ဦး တိုက်ပေါ်မှခုန်ချမှု ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့

၂၀၂၃ ဇူလိုင် ၁၆

ပြည်မြို့ရှိ စည်တော်မင်္ဂလာလမ်းထိပ်မှာ အမျိုးသားတစ်ဦး တိုက်ပေါ်မှ ခုန်ချမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့ကာ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံက သိရပါတယ်။
ယနေ့ ဇူလိုင်လ ၁၆ရက်နေ့ နံနက် ၈နာရီခွဲအချိန်ခန့်က ပဲခူးတိုင်း၊ ပြည်ခရိုင်(အနောက်ပိုင်း)၊ ပြည်မြို့ရှိ စည်တော်မင်္ဂလာလမ်းထိပ် ပေါက်ကြီးမုန့်ဆိုင်အနီးက တိုက်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချခဲ့တာဖြစ်ပါတယ်။
တိုက်ပေါ်မှ ခုန်ချခဲ့တဲ့ အမျိုးသားမှာ နှခေါင်းသွေးထွက်၊ ဘယ်ပေါင်ကျိုးဒဏ်ရာနဲ့ ခြေသလုံးအရေပြားလန်ဒဏ်ရာတို့ ရရှိခဲ့ပြီး သွေးထွက်ဒဏ်ရာရ အဆိုပါအရေးပေါ်လူနာအား မြေပြင်အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ထိုအရေးပေါ်လူနာအမျိုးသားကို အရေးပေါ်ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံကြီးသို့ အသင်းက အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Total Views ~ 167

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43540

© 2022 - 2025 News. All Rights Reserved.