Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းများ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်စေရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေကျပ်သန်း ပေါင်းများစွာလျာထား

၂၀၂၃ ဒီဇင်ဘာ ၂၀
    ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါ ယမအသင်းပေါင်း ၃၅ သင်း၊ အသင်းသားဦးရေ ၃၀၉၅ ဦးအား လယ်မြေဧရိယာ ဧက ၁၆၀၀၀ အတွက် ငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ သွင်းအားစုနှင့် မျိုးကောင်း မျိုးသန့်များ ပံ့ပိုးပေးထားခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
    "နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမအသင်းပေါင်း ၃၅ သင်း၊ အသင်းသားဦးရေ ၃၀၉၅ ဦးအား လယ်မြေဧရိယာ ဧက ၁၆၀၀၀ အတွက် ငွေကျပ် ၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ သွင်းအားစုနဲ့ မျိုးကောင်းမျိုးသန့်များ ပံ့ပိုးပေးထားခဲ့ပြီး ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆောင် ရွက်တဲ့ သမဝါယမအသင်းများအနေနဲ့ တစ်နှစ် နှစ်သီးမှ သုံးသီး သီးထပ်စွမ်းအား တိုးတက်စိုက်ပျိုးနိုင်မှာသာ အကျိုးအမြတ်တွေများစွာ ရရှိနိုင်မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
    ဒီဇင်ဘာ ၁၄ ရက်က ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ သမဝါယမအသင်းများ စပါးစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်း တိုးတက်မြင့်မာရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
    ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းများ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်အောင်မြင်စေရန်အတွက် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်လေးမြို့နယ်ရှိ သမဝါယမအသင်း လေးသင်း အတွက် ပံ့ပိုးငွေကျပ် သန်း ၄၀ ဒသမ ၈၀၊ မြို့နယ်ကိုး မြို့နယ်မှ အသင်းပိုင်လယ်မြေပြုပြင်ခြင်းအတွက် ပံ့ပိုးငွေကျပ် ၃၆၅ ဒသမ ၆၆ သန်းနှင့် မြို့နယ်သုံးမြို့နယ်မှ မွေးမြူရေးလုပ်ငန်း အတွက် ငွေကျပ် သန်း ၈၀ ပံ့ပိုးပေးနိုင်ရေး လျာထားဆောင် ရွက်ထားပြီးဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ 

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.