Breaking

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအ မှတ်-၃)ကို ရန်ကုန်မြို့၏ Landmark ဖြစ်စေရန် အခြားတံတား ဒီဇိုင်းများနှင့်မတူစေဘဲ ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ခဲ့ခြင်းဖြစ်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား

ရန်ကုန်၊ ဇွန် ၁၂
    ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ကို အခြားတံတားဒီဇိုင်းများနှင့် မတူစေဘဲ ရန်ကုန်မြို့၏ အထင်ကရ အမှတ်အသား (Landmark) ဖြစ်စေရန်အတွက် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) ဖြင့် ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၈ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါ တံတားဖွင့်ပွဲ အခမ်းအနားတက်ရောက်စဉ် ပြောကြားခဲ့သည်။ 
    ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) အရှည် ၈ç၆၃၈ (ရှစ်ထောင့် ခြောက်ရာ သုံးဆယ့်ရှစ်) ပေရှိပြီး ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ သက်သာသည့် ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အခြေအနေများကြောင့် တံတားတည် ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ်များ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ် ညှိနှိုင်းချက်များအရ ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်း လည်းဖြစ်ကြောင်း၊ သို့သော် ရန်ပုံငွေသုံးစွဲမှု တွင် လိုအပ်ချက် ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံတော်မှ ကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင်ကျခံပြီး တံတားကြီးတည်ဆောက် ပြီးစီးရေး ဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါ တံတားကြီးကို အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။     ပဲခူးမြစ်ကူးတံတား (သန်လျင်တံ တားအမှတ်-၃) ကို သန်လျင်တံတားအမှတ်- ၁ တွင်ဖြစ်ပေါ် လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်ရေးနှင့် သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုး ပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန် တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာစေရေး ရည်မှန်းချက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင် ရာဝန်ကြီး ဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်း လုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတား အပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိ ပြီး တံတား အကျယ် ၇၅ ပေဖြစ်ကြောင်း၊ လေးလမ်းသွားတံတားဖြစ်ပြီး တစ်ဖက်လျှင် Safe Zone ငါးပေစီပါရှိကာ တံတား၏ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်ကြောင်း၊ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း သိရသည်။ 
လက်ရှိတွင် ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက မြို့တော်ကြီးတစ်မြို့ဖြစ်သကဲ့သို့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူ ဦးရေတိုးပွားလာမှုတို့ကြောင့် တစ်နေ့တာ သွားလာသည့် ယာဉ်အစီးရေသည်လည်း သိသိသာသာ တိုးမြင့်လာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောသွားလာမှု စနစ်တကျ ဖြစ်စေရေးအတွက် ခုံးကျော်တံတားများ တည်ဆောက်ခြင်းနှင့် လေးလမ်းသွား မြစ် ကူးတံတားကြီးများ တည်ဆောက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများကြောင့် လက်ရှိဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့နေမှုကို လျှော့ချနိုင်မည်ဖြစ်ကာ  ကုန်စည်စီးဆင်း မှုမြန်ဆန် လာမည်ဖြစ်သည့်အတွက်လည်း ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ တော်၏ အမျိုးသား အကျိုးစီးပွားများ ဖြစ်ပေါ်လာစေရန် မပြတ်သောသတိ၊ မလျှော့သောဝီရိယများနှင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည့်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည်ဟူ၍လည်း နိုင်ငံတော် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။ 
    ယခုအခါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) လေးလမ်းသွား တံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်၍ သန်လျင်တံတားအမှတ်(၁) တွင် ဖြစ်ပေါ် လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့မည် ဖြစ်သည့်အပြင် သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်း ပြုပြီးပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါ အဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များ ဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်လာမည်ဖြစ်ကြောင်း၊ နောင်အခါတွင် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်း မကြီးကိုအသုံး ပြုပြီး ဘားအံမြို့-မြဝတီမြို့အထိ ဆက်စပ်သွားလာနိုင်တော့မည် ဖြစ် သည့်အတွက် မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ  ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ယခုတံတားကြီး တည်ဆောက်ပြီးစီးခြင်းနှင့်အတူ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀ သာမက အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာပြီး ခရီး သွားပြည်သူများလွယ် ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်၍ တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် တာဝန်ရှိသူများက ကြံ့ခိုင်ရေးကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းရာတွင် သတ် မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာပြီး ရေရှည်ကိုမျှော်မှန်းကာ ဆောင်ရွက်ကြ ရန်လိုသကဲ့သို့ ဒေသခံများကလည်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.