ရန်ကုန်၊ မေ ၂၁
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ခရိုင်အတွင်း စံငါးချက်ညီ စာကြည့်တိုက်ပေါင်း ၅၈ ခုကို တန်ဖိုးငွေကျပ် ၂၃၁ သိန်းကျော် ထောက်ပံ့ကူညီပေးနိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။
တိုင်းဒေသကြီးအတွင်း စာဖတ်ရှိန် မြှင့်တင်ခြင်းလုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ၊ စာပေချစ်မြတ်နိုးသူ စေတနာရှင်၊ အလှူရှင်များက မိမိတို့ဒေသရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးရှင်သန်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သွား ကြစေလိုကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
"တိုင်းဒေသကြီးအတွင်း ပညာရည် မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်များနဲ့အညီ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စာပေချစ်သူများအနေနဲ့ အွန်လိုင်းမီဒီယာမှာ စာပေဖတ်ရှုနိုင်ပေမယ့် အဆိပ်အတောက် သတင်းအချက်အလက်တွေ လွှမ်းမိုးနေတာကြောင့် အကျိုးရှိစေမယ့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန် လိုအပ်ပါတယ်"ဟု ၎င်း ကပြောသည်။
မေလ ၁၉ ရက်က ပြည်မြို့ သီရိခေတ္တရာ ရတနာခန်းမ၌ ပြည်ခရိုင်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအ နားကို ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ သည်။
ယခုအခါ ပြည်ခရိုင်အတွင်း စံငါးချက်ညီ စာကြည့်တိုက်ပေါင်း ၅၈ ခု လည်ပတ်လျက်ရှိရာ ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေ ကျပ်သိန်း ၁၅၀ နှင့် စာအုပ်စာစောင် ၃၅၈၉ အုပ်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၃၁ သိန်းကျော် ထောက်ပံ့ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။