Breaking

ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိနေ၊ ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်များသို့ စက်သုံးဆီများအချိန်မှီပို့ဆောင်ဖြန့်ဖြူးပေးနေ

နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိနေပြီး ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများအချိန်မှီပို့ဆောင်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်သီလဝါဆိပ်ကမ်းဒေသကြီးရှိ စက်သုံးဆီ Terminal များသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိပြီး စက်သုံးဆီများဖြည့်တင်းလျက်ရှိရာ သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal ၊

Brighter Energy Terminal ၊ PSW Terminal ၊ Regency SPC Terminal များအပြင်သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal

တို့မှ နို၀င်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်(၁၈၇) ဆိုင်သို့ ဆီသယ်ယာဉ်(၃၆၇)စီးဖြင့် 92 Ron(၄သိန်းကျော်)၊ 95Ron(၂သိန်း၄သောင်းကျော်)၊ဒီဇယ်ဆီ(၃သိန်း၂သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ(၃သိန်း၅သောင်းကျော်)အား

လည်းကောင်း၊ နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင် (၂,၁၇၈) ဆိုင်သို့ ဆီသယ်ယာဉ် (၉၂၈) စီးဖြင့် 92 Ron(၁သန်း၂သိန်းကျော်)၊ 95Ron (၂သိန်း ၅ သောင်းကျော်)၊ ဒီဇယ်ဆီ (၇သိန်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ (၁၀သိန်းကျော်)အားလည်းကောင်း နေ့ညမရွေးအဆက်မပြတ်ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိသဖြင့် နိုင်ငံတစ်ဝှမ်းရှိအရောင်းဆိုင်အားလုံးတွင် စက်သုံးဆီလာရောက် ဝယ်ယူမှုအခြေအနေမှာ ပုံမှန်အတိုင်း

ဖြစ်ပြီး အများပြည်သူများမှ စက်သုံးဆီများကို အမျိုးအစားအလိုက် လိုအပ်သလိုအဆင်ပြေချောမွေ့စွာ ဝယ်ယူ သုံးစွဲလျက်ရှိကြောင်း သတင်းရရှိသည်။

Total Views ~ 209

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.