ရန်ကုန်၊ ဇူလိုင် ၁၆
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၄ ရက်တွင် တိုင်းစစ်ဌာန ချုပ်အသီးသီးရှိ သင်တန်းကျောင်းများတွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင် တန်းအမှတ်စဉ် (၁၅)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများ သည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားများကို သက်ဆိုင်ရာ သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာ စကားများ ပြောကြားခဲ့ကြသည်။
သင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင် အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင် တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်