ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ယခုလအတွင်း မြို့နယ်ပါတီရုံး ခုနစ်ခုအထိ ဖွင့်လှစ်ရန် စီစဉ်နေ 

ရန်ကုန်၊ မေ ၁၄ 
    ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ယခုလအတွင်း မြို့နယ်ပါတီရုံး ခုနစ်ခုအထိ ဖွင့်လှစ်ရန် စီစဉ်‌နေကြောင်း ယင်းပါတီ၏ ဒုဥက္ကဋ္ဌ(၁) ဦးရန်နိုင်ဝင်းက ပြောသည်။
    "ပဲခူးတိုင်း အရှေ့ခြမ်း ခုနစ်မြို့နယ်မှာ ရုံးတွေစိုက်ပါမယ်။ ဒီလထဲမှာ ဖွင့်ဖို့ကြိုးစားမှာပါ။ ရုံးဖွင့်ဖို့ ဆိုင်းဘုတ်တင်ထား ပြီးပြီ။ ဒီအတွက်လည်း UEC ကို စာတင်ပြီးပါပြီ။ ပဲခူးအရှေ့ခြမ်း ၁၄ မြို့နယ်မှာ ခုနစ် မြို့နယ်ကို ပထမဆုံးအကြိမ်ဖွင့်မယ်။ နောက် ဒုတိယအကြိမ်အဖြစ်လည်း ကျန်မြို့နယ်‌တွေကိုလည်း ပါတီရုံးဖွင့်နိုင်အောင် လုပ်သွားမယ်။ ပဲခူးတိုင်းမှာ အားလုံး ရုံး ၂၀ ကျော် ဖွင့်နိုင်အောင် မှန်းထားပါ တယ်"ဟု ဦးရန်နိုင်ဝင်းက ပြောသည်။
    ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ပါတီရုံးချုပ်ဖွင့် လှစ်ထားရှိထားပြီး ပဲခူး၊ ဝေါ၊ ကဝ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ထန်းတပင်မြို့ နယ်များတွင် ပါတီရုံးများ ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။
    "အားလုံး ခုနစ်မြို့နယ်ဖွင့်ဖို့ အစီအစဉ်မှာ တစ်မြို့နယ်က ဖွင့်နိုင်ဖို့ ကြိုးစား နေတယ်။ ခုနစ်ရုံးကို ဒီလထဲမှာ တစ်ရက်စီ ဖွင့်သွားမှာပါ"ဟူ၍ ဦးရန်နိုင်ဝင်းက ပြောသည်။
    ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အ မှတ် (၃၀/၂၀၂၃)ကြေညာခဲ့သည်။ ယင်း၏ မှတ်ပုံတင်အမှတ်မှာ (၂၅) ဖြစ် ကြောင်း သိရသည်။  ညီသစ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43782

© 2022 - 2025 News. All Rights Reserved.