ရန်ကုန်၊ ဇွန် ၁၂
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂၀၀၈)ပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ ဖော်ဆောင်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့၏ ပ-ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်များကို ယခုဇွန်လ တတိယပတ်တွင် ရွေးချယ်သွား မည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေး ပါတီများ အစုအဖွဲ့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)တွင် ပါတီမှတ် ပုံတင်ခွင့်ကျထားသော ပါတီ ၄၇ ပါတီမှ ကိုယ်စားလှယ်များဖြင့် ပြီးခဲ့သည့် မေလ ၂၅ ရက်၊ ၂၆ ရက်တို့တွင် ရွေးချယ်ခဲ့ခြင်းဖြစ် သည်။ လက်ရှိတွင် UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဗဟိုကော်မတီဝင် ဒေါက်တာအောင်မြတ်ဦး၊ ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း စသည့် နိုင်ငံရေးပါတီ လေးပါတီမှ ပုဂ္ဂိုလ်လေးဦးတို့က ပူးတွဲဦးဆောင်ကြကြောင်း သိရသည်။
"ဒီလိုရွေးချယ်ဖို့နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကို ဖိတ်စာပို့ပြီးခေါ်နေပါတယ်။ ဒီလထဲမှာ ရွေးမှာပါ။ ဦးစိုင်းအိုက်ပေါင်းရယ်၊ ဒေါက်တာ အောင်မြတ်ဦးရယ်၊ ဒေါက်တာအေးမောင်ရယ်၊ ဦးကိုကိုကြီးဆိုပြီး သတ်မှတ်ထားတယ်။ ဒီလေးဦးထဲက ပ-ခေါင်းဆောင်နဲ့ ဒု-ခေါင်းဆောင်ကိုရွေးမှာပါ။ ဒီလထဲမှာရွေးမှာဆိုတော တတိယပတ် လောက်မှာ ရွေးချယ်သွားမှာပါ"ဟု (UPDJC) နိုင်ငံရေး ပါတီများ အစုအဖွဲ့ရုံးအဖွဲ့မှူး ဦးရန်နိုင်ဝင်းက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ကို အစိုးရ၊ တပ်မတော်၊ လွှတ် တော်သုံးခု ပေါင်းထားသည့် အစုအဖွဲ့၊ အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့များမှ ကိုယ်စားလှယ် ၁၆ ဦးစီဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA အရ ၂၀၁၆ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေအရ UEC မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သော ပါတီများဖြင့် UPDJC ၏ နိုင်ငံ ရေးပါတီများအစုအဖွဲ့ကို ပြန်လည် ဖွဲ့စည်း ရန် ပါတီမှတ်ပုံတင်ခွင့် ကျထားသော ပါတီ ၄၇ ပါတီမှ ၁၆ ပါတီကို ရွေးချယ်ဖွဲ့စည်းထား ခြင်းဖြစ်သည်။
"UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ ရွေးချယ်ဖွဲ့စည်းသွားပြီဆိုရင် ပထမဆုံးအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းကို စမှာပေါ့။ ဖွဲ့ စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်ကို စတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံကို ဘာတွေပြင်မလဲ ဆိုတာကတော့ ၁၆ ပါတီမတွေ့ရသေးပါဘူး။ တွေ့ပြီးတော့မှ ဆွေးနွေးပါဦးမယ်။ ငြိမ်းချမ်းရေးလုပ်စဉ်ရော၊ ဖွဲ့စည်းပုံပြင်ဆင်ရေးရော လုပ်ငန်း တွေနဲ့ပတ်သက်ပြီး ဆွေးနွေးရမှာပေါ့။ ဒါတွေနဲ့ပတ်သက်ပြီး အရင်တုန်းက သဘောတူညီချက်တွေရ ထားပြီးသားတွေရှိတယ်။ ဘာတွေပြင်ချင်လဲဆိုတာကတော့ ၁၆ ပါတီညှိနှိုင်းမှာပေါ့"ဟု ဦးရန်နိုင်ဝင်းက ဆက်ပြောသည်။
ပ-ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်များ ရွေးချယ်ပြီးစီးသွားပါက နိုင်ငံရေးပါတီများ အစုအဖွဲ့ (UPDJC)သည် ယခုလအတွင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိ နှိုင်းရေး ကော်မတီ (NSPNC) ကော်မတီနှင် တွေ့ဆုံရန်ရှိကြောင်း သိရသည်။