ရန်ကုန်၊ သြဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗိုလ်ချုပ်ပြတိုက် အပါအဝင် ရန်ကုန်တိုင်းအတွင်း ရှေးဟောင်း အဆောက်အအုံများထိန်းသိမ်းရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာသာရေးကော်မရှင်ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ် သြဂုတ်လ ၅ ရက်က နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီး များရုံး(အတွင်းဝန်ရုံး)နှင့် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တို့သို့ သွားရောက်၍ ခင်းကျင်းပြသထားရှိမှုများနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှုရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင် ဆန်းပြတိုက်(ရန်ကုန်)သို့ ရောက်ရှိစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်အား ရေရှည်တည်တံ့ ကောင်းမွန်နေစေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းမှတ်တမ်း ဓာတ်ပုံများအား ခေတ်မီနည်းပညာများ အသုံးပြု၍ ယခုထက် ပိုမိုကောင်းမွန် ကြည်လင်ပြတ်သားသည့်ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးလိုင်းများ သွယ်တန်းထားရှိမှုများကိုလည်း စနစ် တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ဗိုလ်ချုပ်၏ မိန့်ခွန်းများမှ မိန့်ခွန်းကောက်နုတ်ဖော်ပြထားမှုအား လွယ်ကူရှင်းလင်းစွာ ဖတ်ရှု လေ့လာနိုင်ရေး ကြည်လင်ပြတ်သားမှုရှိအောင် ပြန်လည်ဆောင်ရွက်ပြ သထားရှိရန်လိုကြောင်း၊ ပြတိုက်သို့ လာရောက်လေ့လာသူများကိုလည်း စနစ်တကျ စာရင်းသွင်းထားရှိရန်လိုပြီး ထူးခြားသည့် ကိန်းဂဏန်းများဖြစ်သည့် ရာပြည့်၊ ထောင်ပြည့် လာရောက်သူများအတွက် သင့် လျော်သည့် လက်ဆောင် ပစ္စည်းများကို ပေးအပ်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဝန်ကြီးများရုံးသို့ရောက် ရှိရာတွင်လည်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့်အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်း ပြသသွားရန်လို ကြောင်း၊ သမိုင်းအထောက်အထား ဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက် အထား ဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်နှင့် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံဖြစ်သဖြင့် ရေရှည်တည်တံ့ ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အအုံသည် ရှေးဟောင်းအဆောက်အအုံတစ်ခု ဖြစ်သဖြင့် မူလလက်ရာမပျက်ယွင်းစေဘဲ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု အဆောက် အအုံသည် ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံတစ်ခု ဖြစ်သဖြင့် အဆောက်အအုံ ရေရှည်ကောင်းမွန်ကြံ့ ခိုင်စေရေးအတွက် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။( ထူးမြတ်)