Breaking

ဗိုလ်တထောင်စေတီတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲအတွက် ပြိုင်ပွဲဝင် များကိုဖိတ်ခေါ်

၂၀၂၃ နိုဝင်ဘာ ၁၃
    ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီ တော်မြတ်ကြီးတွင် (၃၉) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက် လုပ်ပူဇော်ပွဲကို နှစ်ရက်တိုင် ကျင်းပသွားရန် အတွက် ရက်ကန်းကျွမ်းကျင်သူများကို ပါဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
    အဆိုပါပြိုင်ပွဲတွင် အသက် (၁၈)နှစ်မှ အသက်(၅၀)အတွင်းရှိ ရက်ကန်းကျွမ်းကျင်သူများဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပါဝင်လိုသူများအနေဖြင့် တစ်ဖွဲ့လျှင်နှစ်ဦးနှုန်းဖြင့် နိုဝင်ဘာ ၁၆ ရက် ညနေ ၃ နာရီမတိုင်မီ စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့သို့အဖွဲ့လိုက်လျှောက်လွှာများကို တင်သွင်းနိုင်ကြောင်း သိရသည်။
    အဆိုပါ (၃၉) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို မြန်မာသက္ကရာဇ် တန်ဆောင်မုန်း လဆန်း ၁၄ ရက် (နိုဝင်ဘာလ ၂၆ ရက်)နှင့် တန်ဆောင်မုန်းလပြည့် (နိုဝင်ဘာလ ၂၇ ရက်)များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် နှစ်စဉ် ရက်ကန်းစင်ပေါင်း ၂၀ ခန့်ဖြင့် ပါဝင်ယှဉ်ပြိုင်လေ့ရှိကြပြီး ယခုနှစ်အတွက် ဆု ကြေးအနေဖြင့် ပထမဆုငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုငွေကျပ် ၁၀ သိန်း၊ တတိယဆု ငွေကျပ်ရှစ်သိန်း၊ နှစ်သိမ့်ဆုငွေ ကျပ်လေး သိန်းနှင့် ဆုတံဆိပ်များကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

Total Views ~ 254

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.