Breaking

ဘန်ကောက်အမြန်လမ်း မိုးပျံတံတား ပြိုကျမှုတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအတွက် နစ်နာကြေး ဘတ်လေးသန်းရရှိ

ရန်ကုန်၊ ဇွန် ၄
    ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က ထိုင်းနိုင်ငံ စမုစခွန် ဖလမ်းဆောင် လမ်းမကြီး(ျွဗဗြ-၂)၊ ၂၁ မိုင်ရှိ အမြန်လမ်း မိုးပျံတံတား တည်ဆောက်ရေးလုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံပေါင် ပြိုကျမှုကြောင့် မြန်မာနိုင်ငံသား အလုပ်သမားလေးဦး ထိ ခိုက်သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်အတွက် နစ်နာကြေး ဘတ်လေးသန်း ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
    စေတနာနစ်နာကြေးများ ရရှိနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လမ်းညွှန်မှုဖြင့် ထိုင်းဘက်သက်ဆိုင်ရာ ကုမ္ပဏီ၊ မြန်မာအလုပ်သမား သံအရာရှိ၊ မြန်မာသံရုံး မိတ်ဆွေအဖွဲ့များအကြား ညှိနှိုင်းမှုပြုနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာသံရုံး၊ ဘန်ကောက်မြို့မှ နစ်နာမှုအတွက် စေတနာကြေးငွေများကို သေဆုံးသူ မိသားစုဝင်များထံ မှန်မှန်ကန်ကန်ရရှိ ခံစားနိုင်စေရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိရုံးမှတစ်ဆင့် မြန်မာဘက် သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများအကူ အညီရယူလျက် အဆိုပါ မိသားစုဝင်များသို့ ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ 
    ထို့ကြောင့် ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ထိုင်း UDONSAK CHIANG-MAI Co., Ltd ဘက်မှ လူသားချင်းစာနာ ထောက်ထားမှုအရ သေဆုံးနစ်နာမှု စေတနာကြေးငွေ တစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်သန်းစီဖြင့် စုစုပေါင်းထိုင်းဘတ်ငွေ လေးသန်းကို မြန်မာ သံရုံး၊ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ထိုင်း UDONSAK CHIANG-MAI Co., Ltd တာဝန်ရှိသူများက သေဆုံး သူ အလုပ်သမားများ၏ မိသားစုဝင် လေးဦးထံသို့ လက်ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။  ထူးမြတ်

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.