ရန်ကုန်၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် စီပါကျေးရွာမှ ပြည်သူခြောက်ဦးကို PDF အကြမ်းဖက်အဖွဲ့ဝင်များက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ဝါဒဖြန့်သတင်းများ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် စီပါကျေးရွာမှ ပြည်သူခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက်သတ်ဖြတ်သွားခဲ့သည်ဟု မမှန်သတင်းများ ထုတ်လွှင့်မှုနှင့်ပတ်သက်၍ စိစစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် စီပါကျေးရွာတွင် PDF အမည်ခံအကြမ်း ဖက်အဖွဲ့များ ရောက်ရှိခိုအောင်းလျက်ရှိကြောင်း သတင်းပေးပို့ချက်အရ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် နယ်မြေခံလုံခြုံ ရေးတပ်ဖွဲ့ဝင်များဖြင့် ကျေးရွာအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနေ ထိုင်လျက်ရှိသည်ဆိုသည့် နေအိမ်များအား သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်အ ဖွဲ့ များသည် စီပါကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဆုတ်ခွာထွက်ပြေးသွားသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ စီပါကျေးရွာမှ ထွက်ခွာသွားပြီးနောက် အောက်တိုဘာ ၁၈ ရက်တွင် စီပါကျေးရွာသို့ ဝင်ရောက်လာ ခဲ့ပြီး ကျေးရွာအတွင်း နေထိုင်လျက်ရှိသော ပြည်သူများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ အရပ်သားပြည်သူ ခြောက်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတင်းပေးသည် ဟုစွပ်စွဲ၍ ရက်စက်စွာသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများအား ၎င်းတို့နေအိမ် ခြံစည်းရိုးများ၊ နေအိမ်အတွင်း မြေကွက်လပ် များတွင်ထားရှိကာ စစ်ကြောင်းများကို သတင်းပေးပို့သူများအား ထိုကဲ့သို့ အပြစ်ပေး၊ အရေးယူကာ သေဒဏ်အဖြစ် သတ်မှတ်ခြင်းခံရမည်ဟု ခြိမ်းခြောက်ပြောကြားကာ ကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အထက်ပါ အကြမ်းဖက်လုပ်ရပ် များလုပ်ဆောင်ခဲ့မှုကို တရားမဝင် မီဒီယာများက လုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည်ဟု မဟုတ်မမှန် ဝါဒဖြန့်ရေးသားခဲ့ကြောင်း သိရသည်။ ထူးမြတ်