Breaking

ဘူးသီးတောင်မြို့နယ် နေရပ်စွန့်ခွာသူများကို ဆန်အိတ်များထောက်ပံ့

ရန်ကုန်၊ ဧပြီ ၂၃
    ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်းများတွင် နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအား တပ်မတော်က ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
    AA အကြမ်းဖက်သောင်းကျန်းသူများက ဧပြီလ ၁၂ ရက်တွင် ကွန်တိုင် ကျေးရွာ၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ကြောက်ရွံ့၍ ရှောင်တိမ်းလာသော ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ ယာယီခို လှုံရာစခန်းသုံးခုတွင် ခေတ္တ ခိုလှုံနေထိုင် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
    အဆိုပါ အိမ်ထောင်စုဝင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်း ကို ဧပြီလ ၂၂ ရက်တွင် ဘူးသီးတောင်မြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီ နေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
    ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု ၉၅၅ စုအတွက် ဆန်အိတ် ၁၀၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။

Total Views ~ 238

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.