Breaking

ဘောလခဲမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF/KNDF အဖွဲ့က ပွန်းချောင်းကြိုးတံတားအား မိုင်းခွဲ ဖျက်ဆီး

၂၀၂၃ ၊ မတ် ၂၂

ယမန်နေ့ (မတ် ၂၁)ညနေ ၄နာရီခွဲ အချိန် မိမိအမာခံ၏ သတင်းပေးချက်အရ ဘောလခဲခရိုင် ဘောလခဲမြို့နယ် ယင်း၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ ချိကွဲကျေးရွာ ဘောလခဲ-ဖားဆောင်း ကားလမ်း ရှိ ပွန်းချောင်းကြိုးတံတား(အရှည် ၂၀၀ ပေ၊ အကျယ် ၅ ပေ)အား အကြမ်းဖက်အုပ်စု PDF/ KNDF အင်အား(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့်တံတားမှာ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရှိရပြီး နယ်မြေအခြေအနေအရ အခင်းဖြစ် နေရာသို သွားရောက်စစ်ဆေးနိုင်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါကြိုးတံတားအား ၂၀၁၃-၂၀၁၄ ခုနှစ်တွင် နော်ဝေနိုင်ငံမှ ငွေကျပ် သိန်း ၂၀၀ လှူဒါန်းခဲ့ပြီး ပြည်နယ်အစိုးရမှ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်ပုံငွေဖြင့် ငွေကျပ် ၂၅ သိန်း၊ စုစုပေါင်း ၂၂၅ သိန်းကျပ် ထောက်ပံ့မှုဖြင့် ကျေးရွာနေ ဒေသခံပြည်သူများ၏ လုပ်အားဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 239

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.