ရန်ကုန်၊ ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသားနှင့် တရုတ်နိုင်ငံသား ၃၀၀ ကျော် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိထားသည့် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား ၁၂ ဦးနှင့် တရုတ်နိုင်ငံသား ၂၉၅ ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စစ်ဆေးမှုများဆက်လက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက် နံနက် ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား၊ ၁၁၇ လမ်းရှိ ကိုထင်ရှမ်း၏နေအိမ်တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာတွင် နေအိမ်အပေါ်ဆုံးထပ်ရှိ ဧည့်ခန်းအတွင်း၌ Online လောင်းကစား ပြုလုပ်ရန်အတွက် အငှားထားသော အိမ်ပိုင်ရှင်ဖြစ်သူ ထင်ရှမ်း (၃၂) နှစ်(လောင်းကစား လုပ်ငန်းလုပ်ကိုင်နေသူ များဖြစ်ကြသည့် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင် ရပ်ကွက်နေ မန်နေဂျာ ရန်ဝင်းမြင့်(ခ) ကျန်ဝမ်ရီ(၂၁)နှစ် (ဘ)ဦးကျော်ဝင်း၊ လောက်ကိုင်မြို့နယ်၊ ကျုံးရှန်ကျေးရွာနေ ကြီးကြပ်လုပ်ကိုင်သူ လော်ကျင်းကျွမ်(၂၆)နှစ်(ဘ)ဦးလော်ဆုရောင်းနှင့် လောင်းကစားဂိမ်းဝန်ထမ်းများဖြစ်ကြသည့် တာမိုးညဲမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဇင်မာထွေး(ခ)ရင်ရုံ (၁၉)နှစ် (ဘ) ဦးမကျင်အမ်းပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးရှစ်ဦး၊ စုစုပေါင်းအိမ် ရှင်တစ်ဦးအပါအဝင် တရားခံ ၁၂ ဦးတို့အား တရားမဝင် Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် Laptop မျိုးစုံခြောက်လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၆၃ လုံး၊ မြန်မာငွေစက္ကူ ကျပ်သိန်း ၁၁၀၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ခြောက်ခု၊ အခြားဆက်စပ်ပစ္စည်း များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ဇွန်လ ၂၈ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းလမ်း၊ အိမ်အမှတ် (မ-၃။၂၃၂)တွင် တရုတ်နိုင်ငံသားများ ခိုအောင်းနေထိုင်ပြီး တရားမဝင် Online လောင်း ကစားများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်း အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သား အမျိုးသား ၂၈၈ ဦး၊ အမျိုးသမီးခုနစ်ဦး၊ စုစုပေါင်း ၂၉၅ ဦးတို့အား ဥညူငညန လောင်း ကစား ပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းမျိုးစုံ ၉၀၀ လုံး၊ အခြားဆက်စပ် ပစ္စည်းများနှင့်အတူ တွေ့ရှိဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။