၂၀၂၃ ၊ နိုဝင်ဘာ ၁၄
မိုခါမုန်တိုင်းကြောင့် အထိနာနေသည့် ရခိုင်ပြည်နယ်ဒေသခံ ပြည်သူလူထုက လက်နက်ကိုင် ပဋိပက္ခကြောင့် လုပ်ငန်းများ နာလန်ပြန်မထူနိုင်တော့မည်ကို စိုးရိမ်နေကြကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လက်ရှိဖြစ်ပေါ်နေ သည့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)အခင်းအကျင်းအပေါ် ၎င်းင်း၏အမြင်ကို သုံးသပ်စဉ် ထည့်သွင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်း တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လယ်ယာ လုပ်ငန်းများ၊ စပါးစိုက်ပျိုး ရေးအတွက်လည်း ကြီးကြီးမားမား ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရသလို စပါးစိုက်ပျိုးရေးလုပ် ငန်းများလည်း နောက်ကျမှသာ စိုက်ပျိုးခဲ့ရ ကြောင်း ဒေါက်တာအေးမောင်က ဆက်ပြောသည်။
"ရှမ်းမြောက်ပိုင်းမှာ ကြားတော့ ရခိုင်လူထုဘက်ကလည်း အသံလေးတွေ ကြားတာပေါ့။ မဖြစ်စေချင်ဘူး။ မိုခါကြောင့် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ ပစ္စည်းတွေ တအားမြင့်နေတာကို။ ဓာတ်မြေသြဇာ ကအစပေါ့။ အဲဒီတော့ စပါးသီးနှံထွက်မှပဲ သူတို့က အရင်းပြန်ကျေမှာပေါ့။ အခုက စပါးစိုက်တဲ့ ရာသီမှာလည်း ပြဿနာဖြစ်ခဲ့တာမို့ စပါးထွက်မယ့်ကာလမှာ ရခိုင်လူထုက စစ်ကို မဖြစ်စေချင်ကြဘူးဆိုတာ သူတို့ရဲ့ ရင်ထဲကစကားတွေ ကြားနေရတယ်။
အခု ဖြစ်ပြီဆိုတော့ ပိတ်တာတွေ ရှိတော့ ကုန် ဈေးနှုန်းတွေကလည်း မြင့်နေပြီ။ စပါးစိုက်တဲ့ လယ်ကွင်းတွေဘက်ကိုလည်း ဘေးထွက်ဆိုး ကျိုးအနေနဲ့ ကျည်ဆန်တွေ၊ အမြောက်ဆန်တွေ လာနိုင်တာပေါ့။ ဆိုတော့ အကုန်လုံး က ကျီးလန့်စာ စားနေရတာပေါ့။ နောက်ပြီးတော့ မိုခါရဲ့ဒဏ်ကိုပိနေတဲ့ လယ်သမားထုက နာလန်ပြန်မထူနိုင်ဖြစ်သွားမှာကို စိုးရိမ်နေကြတယ်။ စပါးကနေ ဆန်အဖြစ်မပြောင်း နိုင်မှာကို စိုးရိမ်စိတ်ရှိနေကြတာပေါ့။ ကျွန်တော်တို့ကတော့ စစ်ပွဲတွေမရှိစေချင်ဘူး။ငြိမ်းချမ်းစေချင်တယ်။ သွေး မြေမကျဘဲနဲ့ ဆွေးနွေးစေချင်တာပေါ့။ အဖြေရှာကြ၊ ပေးသင့်တာပေး၊ ယူသင့်တာယူ၊ တစ်ဖက်နဲ့တစ် ဖက် လောဘမကြီးဖို့ လိုတာပေါ့"ဟု ၎င်း ကပြောသည်။
ထို့အပြင် စစ်ပွဲတစ်ပွဲတွင် တစ်ဖက်ဖက်က နိုင်မှရမည့် အနေအထားရောက် နေပြီဖြစ်ပြီး နှစ်ဖက်လုံးအနိုင်ရလိုပါက ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ညှိနှိုင်းဆွေးနွေး အဖြေရှာရမည်ဟု ဒေါက်တာ အေးမောင်က ပြောသည်။
"စစ်ပွဲတွေဖြစ်နေတာ နိုင်ငံအတွက်မကောင်းဘူး။ အဲ့ဒါကြောင့် ညှိနှိုင်းပြီး အဖြေရှာသင့်တဲ့ ကာလကို ရောက်ပြီ၊ လွန်တောင်လွန်သွားပြီ။ အဲဒီတော့ ညိနှိုင်းပြီးမှ အဖြေတစ်ခုရမှ မြန်မာနိုင်ငံရဲ့ ကံကြမ္မာက အကောင်းဘက်ကိုရောက်မယ်။ စစ်ကဖြစ်ပြီဆိုရင် တစ်ခုပဲရှိတာပေါ့။ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်ပြည်တွင်း ကိစ္စတွေလေ၊ နှစ်ဖက် လုံး အနိုင်ရချင်တယ်ဆိုရင် ကျွန်တော်တို့ညှိ နှိုင်းပြီးမှ အဖြေရှာတဲ့နည်းပေါ့။ မျက်နှာချင်း ဆိုင်ပြီးဆွေးနွေးမယ်၊ အပေးအယူပေါ့။ ဘာကြောင့် လက်နက်ကိုင်သလဲ၊ လက်နက်ကိုင် ရတဲ့အကြောင်းရင်းကို အဖြေရှာမယ်။ အဲ့ဒီ အကြောင်းရင်းကို ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ ဖြေရှင်းသင့်တဲ့ ကဏ္ဍကိုကိုယ့်ဘက်က ပြန်ပေးမှ ဖြစ်မယ်ဆိုတဲ့ အဖြေတစ် ခုနဲ့ ငြိမ်းချမ်းမှုကို ပြန်ရတာပေါ့ဗျာ။ ဒီလက် နက်ကိုင်ပဋိပက္ခကို ရေရှည်ကြာသွားမယ် ဆိုရင် ကြားကလူထုက စစ်ဘေးဒုက္ခ၊ အဲဒီ ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံရတာပေါ့ဗျာ"ဟု ၎င်းက ပြောသည်။