၂၀၂၃ မေလ ၁
ယခုရက်ပိုင်း မုံရွာစျေးကွက်တွင် ကုလားပဲ၊ပဲစဥ်းငုံ နီ၊မတ်ပဲ၊ ပဲတီစိမ်းကြီးအုပ်စုများစျေးတက်သွားကြောင်းပဲရောင်းဝယ်သူဦးတင်ကိုထံကသိရသည်။
ကုလားပဲအုပ်စုဖြစ်သည့် ထိုင်ဝမ်၊929နှင့်ပဲစဥ်းငုံမတ်ပဲ၊ပဲတီစိမ်းကြီးစျေးသည်တစ်တင်းလျင် ကျပ်၃၀၀၀ ကျော်၄၀၀၀ အထိတက်သွားကြောင်းသိရသည်။
မုံရွာဝန်းကျင်တွင်ပြီးခဲ့သည့်နှစ်ထက်ယခုနှစ်အထွက်နှုန်းထက်ဝက်ခန့်လျော့ကျခဲ့ပြီး ဝယ်လိုအားအနေဖြင့် ပြည်တွင်းရောပြည်ပပါကောင်း နေကြောင်းသိရသည်။
ပြည်ပဝယ်လိုအားအနေဖြင့် ပဲစဥ်းငုံနှင့်မတ်ပဲ ကိုအိန္ဒိယကဝယ်နေပြီး တရုတ်နိုင်ငံကပဲတီစိမ်း ဝယ်အားကောင်းနေကြောင်းလည်းသိရသည်။
သင်္ကြန်အကြိုကာလက ပြည်တွင်းစားသုံးမှုများသည့်ပဲအမျိုးမျိုး အရောင်းအဝယ်ကောင်းခဲ့ ကြောင်းစျေးသည်များ မုံရွာကုန်စည်ဒိုင်တာဝန်ရှိသူများထံမှ သိရသည်။
ပြည်တွင်းစားသုံးသူများအနေဖြင့် ကုလားပဲ၊ ပဲလွန်း၊ ပဲထောပတ်၊ မြေပဲ၊ ဘိုကိတ်၊ စွန်တာနီ၊ စားတော်ပဲ၊ ပဲစဉ်းငုံ စသည့် ပဲများကို အများဆုံးစားသုံးကြကြောင်း သိရသည်။