ရန်ကုန်၊ ဇွန် ၁၂
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးပါတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးသက်ဇော်က ပါတီဗဟိုကော်မတီဥက္ကဋ္ဌကြီးထံ ပါတီဝင် အဆိုပြုလွှာ ငါးသောင်းပေးအပ်ခဲ့သည်။
အခုကတော့ ကျွန်တော်နဲ့ အနီးစပ်ဆုံး အငြိမ်းချမ်းဆုံး ဧရိယာကိုကြည့်မယ်ဆိုရင် ရန်ကုန်တိုင်းပဲ။ ရန်ကုန်တိုင်း ၄၅ မြို့ နယ်မှာ ၄၄ မြို့နယ် ရုံးဖွင့်နိုင်တယ်။ ရွေး ကောက်ပွဲကလည်း လာတော့မယ်။ နစက ဥက္ကဋ္ဌကြီးအနေနဲ့လည်း ရွေးကောက်ပွဲက အရမ်းလုပ်ပေးချင်နေပြီ။ ဟိုနေ့ကလည်း ပြောသွားတယ်။ အဲဒီတော့ ကျွန်တော်တို့ဘက်က ပြင်ဆင်မှဖြစ်တော့မယ်။ ဒါကြောင့် ရန်ကုန်တိုင်းက ပါတီဝင်တွေနဲ့ တွေ့ဆုံတာပါ။ အဲဒါပြီးရင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းကို သွားပါ့မယ်။ တိုင်းနဲ့ပြည်နယ်မှာ ပြည်နယ်ကိုတော့ မသွားဖြစ်သေးဘူး။ တိုင်းဒေသကြီးကို အဓိက ပါတီဝင်တွေ နဲ့တွေ့ဆုံသွားမှာပါ"ဟု ဗဟိုဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောကြားခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌ တစ်ဦးချင်းစီအား မိတ်ဆက်ပေးပြီး မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသက်ဇော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်လာကြသော မြို့နယ် ဥက္ကဋ္ဌများက သိရှိလိုသည်များကို တင်ပြမေးမြန်းခြင်းနှင့် ပါတီဗဟိုကော်မတီဥက္ကဋ္ဌကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခြင်းနှင့် ရှေ့လုပ်ငန်းစဉ် Road Map ခုနစ်ချက်အား ဖတ်ကြားခဲ့ကြောင်း သိရသည်။