Breaking

မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်နေသည့် ကေဗွီ ၅၀၀ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်း ယခုနှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့်ပြီးစီးမည်

ရန်ကုန်၊ မေ ၂၁
    မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်နေသည့် ကေဗွီ ၅၀၀ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရာနှုန်းပြည့်ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
    နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသော စီမံကိန်းဖြစ်သည့် ကေဗွီ ၅၀၀ ကံကောင်းဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းကို မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၉၃ အနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်နေခြင်း ဖြစ်သည်။
    ယင်းသို့ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ကေဗွီ ၅၀၀ ကံကောင်း ဓာတ်အားခွဲရုံစီမံကိန်းသည် ယခုအခါ စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းပြီးစီး သွားသည်နှင့် နိုင်ငံမြောက်ပိုင်းတွင် တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ  ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏ တောင်ပိုင်းသို့ ကေဗွီ ၅၀၀ ဓာတ်အားလိုင်း စနစ်ဖြင့် ပြည့်ဝစွာဓာတ်အား ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
    မေလ ၁၉ ရက်တွင် လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး Óဏ်ထွန်းသည် မိတ္ထီ လာမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ကေဗွီ ၅၀၀ ကံကောင်း ဓာတ်အားခွဲရုံ စီမံကိန်းသို့ရောက်ရှိကာ စီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ 
    ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကဏ္ဍတွင် အရေးပါသော စီမံကိန်းဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများ ရေးဆွဲထားပြီး အချိန်ဇယားများအတိုင်း သတ်မှတ်ချိန်ပြီးစီး နိုင်ရေးအဆင့်ဆင့် ကြပ်မတ်စစ်ဆေးပြီး တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် ယင်းသို့ ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ကြောင်း သိရသည်။  

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.