၂၀၂၄ ၊ ဧပြီ ၃၀
မြန်မာနိုင်ငံသို့ ဗီဇာဖြင့် ပြည်ပခရီးသွားဧည့်သည် ရောက်ရှိမှုစာရင်းတွင် တရုတ်ခရီးသွား ဧည့်သည် ရောက်ရှိမှုမှာ ထိပ်ဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောသည်။
တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-2 သင်တန်းများ ဖွင့်ပွဲအခမ်းနားကို နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမတွင် ဧပြီ ၂၉ ရက်က ကျင်းပခဲ့ရာ ယင်းအခမ်းအနား တွင်ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ခရီးသွား ဈေးကွက်မှာ အလားအလာရှိသော ဈေးကွက်တစ်ခုပင်ဖြစ်ပြီး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံသို့ ဗီဇာဖြင့် ပြည်ပခရီးသွားဧည့်သည် ရောက်ရှိမှုစာရင်းတွင် တရုတ်ခရီးသွားဧည့်သည် ရောက်ရှိမှုမှာ ထိပ်ဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေ သည်ကို တွေ့ရှိရကြောင်း ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ထည့်သွင်းပြောကြား ခဲ့သည်။
ထို့အပြင် လက်ရှိအနေအထားအရ တရုတ်ခရီးသွား ဈေးကွက်သည် ကမ္ဘာ့ ဥကအဘသကညိ ခရီးသွားဈေးကွက်၏ မောင်းနှင် အားတစ်ခုဖြစ်ပြီး ကမ္ဘာနှင့်တစ်ဝန်း သွားလာလည်ပတ်မှုအများဆုံး အနေအထား၌ရှိသည်ကို လေ့လာတွေ့ရှိရသကဲ့သို့ တရုတ်ခရီးသွားများ သွားလာလည်ပတ်မှုအများဆုံး ခရီးစဉ်ဒေသများတွင် အရှေ့တောင်အာရှ ဒေသပါဝင်သည်ကို တွေ့ရှိရကြောင်း ပြည် ထောင်စု ဝန်ကြီးက ပြောသည်။
တရုတ်ဘာသာစကားပြော သင်တန်းများကိုလည်း ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်နှင့် ပုဂံတို့တွင် သက်ဆိုင်ရာသံ ရုံး၊ အဖွဲ့အစည်းများ၊ ကျောင်းများနှင့် ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေး ခဲ့ကြောင်း၊ ယခုသင်တန်းကို ဖူးကျင့်နိုင်ငံတကာ ဘာသာစကား သင်ကြားရေးဌာနမှ သင်ကြား ပေးမည်ဖြစ်ပြီး တက်ရောက်ကြမည့် ဝန်ထမ်းများအနေဖြင့်အကျိုးရှိရှိ ထိရောက်အောင် လေ့လာ သင်ယူကြရန်နှင့် လုပ်ငန်း ခွင်တွင် ပြန်လည်အသုံးချနိုင်ရန် ဆက်လက် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ခေတ်နှင့်လျော်ညီသည့် စွမ်းရည် များရှိစေရန် ကြိုးစားပြီးဝန်ကြီးဌာနမှ အား ကိုးအားထားပြုရသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက် ခိုင်က တိုက်တွန်းပြောကြားခဲ့သည်။
နဒီ