ရန်ကုန်၊ ဇွန် ၁၀
မြန်မာ့မီးရထား မလွှကုန်းဘူတာ ယာဒ်ဝင်းအတွင်း ဝန်ထမ်းအိမ်ရာများတည် ဆောက်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ တင်ဒါ ခေါ်ယူထားမှုအရ သိရသည်။
မလွှကုန်းဘူတာယာဒ်ဝင်း အတွင်း၌ အခန်း ၂၀ အပါ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ ငါးထပ် (တိုက်အမှတ်-၄)၊ အခန်း ၂၀ အပါ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ ငါးထပ်(တိုက်အမှတ်-၅)၊ အခန်း ၂၀ အပါ ဝန်ထမ်းအိမ်ရာလေးခန်းတွဲ ငါးထပ်(တိုက် အမှတ်-၆)၊ အခန်း ၂၀ အပါ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ ငါးထပ်(တိုက်အမှတ်-၇)များ တည်ဆောက်မည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါတိုက်အမှတ်(၄၊ ၅၊ ၆၊ ၇) တည်ဆောက်ရေးကို ရေ၊ မီး၊ မိလ္လာအပါအဝင် (15755 Sft) Pile (12" x 12") ၁၃၆ လုံး၊ ဂါလန် ၃၀၀၀၀ ွ Ground Tank, Pump House, ဂါလန် ၅၀၀၀ Ground Tank, 50 Person Septic Tank နှစ်လုံးနှင့် External Sewage Line အပါ (နှစ်ဆက်လုပ်ငန်း) တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားခြင်းဖြစ်သည်။
ထို့အပြင် တိုင်းအမှတ်(၇)ရန်ကုန် မလွှကုန်းစက်ခေါင်းစက်ရုံအတွင်း DEMU စက်ခေါင်းများထားရန် DEMU Pit ကျင်းအပေါ် ပေ ၃၈၀ အမိုး၊ အကာတည်ဆောက်ခြင်း၊ ရန်ကုန်မြို့ပတ် ရထားလမ်း တစ်လျှောက်ရှိ အဆင့်မြှင့်တင်ပြီးသော အချက်ပြနှင့် ဆက်သွယ်ရေးစနစ် ကြံ့ခိုင်ထိန်း သိမ်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် Air con: ပါ အထက်တန်းလူစီးတွဲ(လေအိတ်ဘိုဂီ)သုံးတွဲနှင့် Air con မပါ ရိုးရိုးတန်းလူစီးတွဲ (လေအိတ်ဘိုဂီ) နှစ်တွဲအသစ် တည်ဆောက်ခြင်းအတွက် လိုအပ်သောပစ္စည်း အမျိုး ၈၁၀ ဝယ်ယူရန်၊ Grooved Rubber Pad (China) 114,000 Nos ဝယ်ယူရန်၊ စက်ပစ္စည်း ၅၇ မျိုး ဝယ်ယူ ရန်တို့အတွက်လည်း တင်ဒါခေါ်ယူထားသည်။
တင်ဒါ ပုံစံများကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ၎င်းဌာနသို့ မေးမြန်းနိုင်ကြောင်း သိရသည်။ နဒီ