၂၀၂၃ အောက်တိုဘာ ၃၁
အောက်တိုဘာလ ၃၀ ရက်တွင် နေပြည်တော်သို့ ရောက်ရှိလာသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်သော ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အကြား ပြုလုပ်သော (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက် ရန်အပါအဝင်အချက် ၁၁ ကို ထိရောက်စွာ အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Lianyungang) နှင့် တရုတ်-အာဆီယံရဲတပ်ဖွဲ့ ဖိုရမ်ကဲ့သို့သော အစည်းအဝေးများတက်ရောက်နိုင်ရေး၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ငါးနှစ်လုပ်ငန်းစီမံချက် ၂၀၂၃-၂၇ ကို အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ လူ မှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါ ချမှု၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော် မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ လျန်ချန်း-မဲခေါင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းကြီးများ လုံခြုံရေးတို့ကို ဆွေးနွေးခဲ့ သည်။
ထို့အပြင် တရုတ်နိုင်ငံသား တရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေး၊ နယ်မြေချင်း ထိစပ်နေသော တရားဥပဒေစိုး မိုးရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများပူးတွဲ ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ အမှုဖြစ်စဉ် စုံစမ်းစစ်ဆေးရေးတို့နှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုး ရေးဆိုင်ရာ အဖွဲ့ အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး၊ လေ့ ကျင့်ရေး အစီအစဉ်များ ပူးတွဲရေးဆွဲရေး၊ အနာဂတ်တွင် နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးနိုင်ရန် သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအ ချက်အလက်ဖလှယ်၍ နိုင်ငံဖြတ် ကျော်မှုခင်းများအား တားဆီးနှိမ်နင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေး စနစ်တစ်ရပ် ထားရှိရေးတို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။