Breaking

မြန်မာ-အီရန် ဆက်ဆံရေးတိုးမြှင့်ရန်  နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

ရန်ကုန်၊ ဇွန် ၂၅
    မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေးအတွက် (၁၉) ကြိမ်မြောက် ACD နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တီဟီရန်မြို့၌ နှစ်နိုင်ငံသီးခြား တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
    (၁၉)ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ ACD ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် တီဟီရန်မြို့သို့ ရောက်ရှိနေသည့် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ACD လက်ရှိဥက္ကဋ္ဌနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အလီဘာဂယ်ရီကာနီနှင့် ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်က တီဟီရန်မြို့၌ နှစ်နိုင်ငံ သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 
    အီရန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်း လင်း ပြောကြားခဲ့ကြောင်း သိရသည်။ 
    ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် မြန်မာ-အီရန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊ ACD အဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    တွေ့ဆုံရာတွင် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့သည်။ 

Total Views ~ 410

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.