Breaking

မွန်ညီညွတ်ရေးပါတီ (MUP) က မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ ခုလုံး ပါတီရုံးများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေ

ရန်ကုန်၊ ဇွန် ၁၈
    မွန်ညီညွတ်ရေးပါတီ(MUP)က မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ ခုလုံး ပါတီရုံးများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေကြောင်း ယင်းပါတီမှ သိရသည်။
    လက်ရှိတွင် မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်မရော၊ မုဒုံ၊ ချောင်းဆုံ၊ ပေါင် စသည့် မြို့ နယ်ခုနစ်ခုတွင် ပါတီရုံးများ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။
    "အားလုံး မဟုတ်သေးပေမယ့် ရုံးတွေက ဖွင့်လို့ရသလောက်တော့ ဖွင့်ထားပြီးပါပြီ။ ခုနစ်မြို့ နယ်ဖွင့်ထားပြီးပါပြီ။ ထပ်ဖွင့်ဖို့က ကြိုးစားနေတုန်းပါပဲ။ ဖွင့်လို့ရမယ်ဆိုရင် မွန်ပြည်နယ် ၁၀ မြို့နယ်လုံး ဖွင့်မှာပါ။ ၁၀ မြို့နယ်လုံး ဖွင့်လို့မရသေးရင်လည်း ရသလောက် ဆက်ဖွင့်မှာပါ။ အခုက အောက်ခြေမှာက  စည်းရုံးရေးဆင်းနေကြတုန်း။ သူတို့ဆီကလည်း ရုံးဖွင့်နိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး မတင်ပြလာသေးဘူး။ ဒါပေမဲ့ ဖွင့်နိုင်သလောက်တော့ ကြိုးစားသွားမှာပါ"ဟု ၎င်းက ဆက်ပြောသည်။
    မွန်ညီညွတ်ရေးပါတီ(MUP)ကရုံး ဖွင့်ရန် ကျန်နေသည့် မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ စသည့် သုံးမြို့နယ်ဖြစ်သည်။ အဆိုပါ မြို့နယ်များမှာ နယ်မြေအခြေအနေတချို့နှင့် ပါတီစည်း ရုံးရေးအင်အား နည်းသည့် မြို့နယ်များဖြစ်သည်ဟုလည်း နိုင်သန်းရွှေက ပြောသည်။
    မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မွန်ညီညွတ်ရေးပါတီ(Mon Unity Party)ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း UEC မှ ကြေညာထားပြီး ယင်းပါတီ၏ မှတ်ပုံ တင်အမှတ်မှာ (၅၂) ဖြစ်သည်။ ညီသစ်

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45429

© 2022 - 2025 News. All Rights Reserved.