Breaking

မွေးထုတ်ပေးလိုက်သည့် ဥပဒေပညာရှင်များ နိုင်ငံတကာတွင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်သည့်အထိ လုပ်ဆောင်ကြရန် နိုင်ငံတော်ဝန်ကြီး ချုပ်တိုက်တွန်း 

၂၀၂၄၊ ဧပြီ ၃၀
    ဧပြီလ ၂၉ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း LEGEL ADVOCACY CENTER (LAC) ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ မွေးထုတ်ပေးလိုက်သည့် ဥပဒေပညာရှင်များ နိုင်ငံတကာတွင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်သည့် အကျော်ဇေယျများ ဖြစ်သည်အထိ လုပ်ဆောင်ကြရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်သည်။
    နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှ မွေးထုတ်ပေးလိုက်သည့် ဥပဒေပညာရှင်များသည် နိုင်ငံတကာတွင် ရင်ဆိုင်ယှဉ် ပြိုင်နိုင်သည့် အကျော်ဇေယျများဖြစ်သည်အထိ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို ဆောင်ရွက်ကြရာတွင် ဂုဏ်သိက္ခာရှိရှိဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းပြည့်မီသည့် ဥပဒေအရာရှိများကို ခန့်အပ်တာဝန်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
    ထို့အပြင် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်းကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများအတွက် လုပ်ငန်းခွင် လက်တွေ့ လုပ်ငန်းများကို ပိုမိုလေ့လာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း၊ ဥပဒေအသိ ပညာပြန့်ပွားစေရေးကို ဆောင်ရွက်ပေး ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဖော် ဆောင်ရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စားမှုကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည့် အကျိုးကျေးဇူးကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
    ဆက်လက်၍ ဥပဒေအသိပညာ ပြန့်ပွားရေး လုပ်ငန်းစဉ်များကို ယခုထက် ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထိရောက် ကောင်းမွန်သည့် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်ရန်နှင့် ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်းတွင် တက်ရောက် လေ့လာသင်ယူ ကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများအတွက် ဥပဒေ ပညာရပ်များ ရှာမှီးနိုင်သည့် ဗဟုသုတ ဗိမာန်ကြီးတစ်ခုအ ဖြစ် ရေရှည်တည်တံ့အောင် ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားရန်လည်း တိုက်တွန်း သွားကြောင်း သိရသည်။
    ဥပဒေ အသိပညာပြန့်ပွားရေး သင်တန်းကျောင်း LEGEL ADVOCACY CENTER (LAC) သင်တန်း ကျောင်းကြီးသည် ဥပဒေရေးရာဝန်ကြီးဌာန၏ အောင်မြင်မှုသမိုင်း မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ဥပဒေ အသိပညာ ပြန့်ပွားရေးလုပ်ငန်းများအတွက် အောင်မြင်တိုးတက်မှု ပြယုဂ်တစ်ခုလည်း ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ပိုမိုကောင်းမွန်သည့် ဥပဒေအသိပညာပြန့်ပွား ရေးလုပ်ငန်းများကို တိုးမြှင့် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်လည်း ဖြည့်စွက်ပြောကြားခဲ့သည်။

Total Views ~ 185

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.