Breaking

ယင်းမာပင်မြို့နယ်တိ/မွေးကုရုံးအား အကြမ်းဖက်အုပ်စု PDF အဖွဲ့က  မီးရှိဖျက်ဆီး

၂၀၂၃ ၊ မတ် ၂၈

ယမန်နေ့ (မတ် ၂၇ )နံနက် ၉နာရီ ၄၅ မိနစ်အချိန် ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်၏ အရှေ့ဘက်    ၁ မိုင်ခန့်အကွာ ယင်းမာပင်မြို့ တိုးချဲ့(ခ)ရပ်ကွက်ရှိ မြိုနယ်တိ/မွေးကုရုံးအား အကြမ်းဖက်အုပ်စု PDF အဖွဲ့အင်အား(စိစစ်ဆဲ)က မီးရှိဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါ သတင်းအရ တာ၀န်ရှိသူများက  အခင်းဖြစ်နေရာသို သွားရောက်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း၊ အကြမ်းဖက်အုပ်စု PDF အဖွဲက မီးရှိဖျက်ဆီးမှုကြောင့် မြို့နယ်တိ/မွေးကုရုံး အဆောက်အဦ၏ သွပ်မိုးများနှင့် တံခါးဘောင်များ(တန်ဖိုး ၂,၁၆၀,၀၀၀ ကျပ်ခန့်) ပျက်စီးဆုံးရှုးခဲ့ကြောင်းနှင့် လုံခြုံရေး ပူးပေါင်းအဖွဲက အခင်းဖြစ်နေရာ အနီးပတ်ဝန်းကျင်အား အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Total Views ~ 197

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.