ရန်ကုန်၊ ဇူလိုင် ၂၃
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို အွန်လိုင်းဖွင့်လှစ်မည်ဖြစ်သဖြင့် ဘွဲ့ရပြီးသူများ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အသိပေးထားသည်။
ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများမှာ အသုံးချစာရင်းအင်းပညာမဟာဘွဲ့ (Master of Applied Statistics - MAS)၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Master of Finace and Banking - MBF)၊ ဈေးကွက်စီမံခန့် ခွဲမှုပညာမဟာဘွဲ့ (Master of Marketing Management-MMM)၊ ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့(Master of Hospitality and Tou-rism Management - MTHM)တို့ ဖြစ်သည်။ ထို့အပြင် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများအဖြစ် သုတေသနပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Research Studies -PGDRS)၊ ဈေးကွက်စီမံခန့်ခွဲမှု ဘွဲ့လွန် ဒီပလိုမာ (Post Graduate Diploma in Marketing Management-PGDMM) တို့ ဖြစ်သည်။
လျှောက်ထားသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရနှင့် သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်ဟု သတ် မှတ်ထားသည်။ သင်တန်းများအတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲနှင့် လူတွေ့စာမေးပွဲကို လူကိုယ်တိုင်သွား ရောက် ဖြေဆိုနိုင်သူဖြစ်ရမည်ဟုသိရသည်။
MAS အတွက် လုပ်ငန်းခွင်လုပ် သက်အနည်းဆုံးနှစ်နှစ်နှင့် ဇူလိုင် ၁ ရက် တွင် အသက်(၂၅)နှစ် ပြည့်ပြီးသူဖြစ်ပြီး Microsoft Word နဲ့ Excel တတ်ကျွမ်းသူ၊ MBF အတွက် ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ငန်း တစ်ခုခုတွင် အလယ်အလတ်စီမံခန့်ခွဲမှု အဆင့်ရှိပြီး လုပ်သက်အတွေ့အကြုံအနည်းဆုံး သုံးနှစ်နှင့် ဇူလိုင် ၁ ရက်တွင် အသက် (၂၅)နှစ် ပြည့်ပြီးသူ၊ MMM အတွက် ဈေးကွက်ဆိုင်ရာ အလယ်အလတ် စီမံခန့်ခွဲမှု အဆင့်ရှိပြီး လုပ်သက်အတွေ့အကြုံအနည်းဆုံးသုံးနှစ်နှင့် ဇူလိုင် ၁ ရက်တွင် အသက် (၂၅) နှစ် ပြည့်ပြီး သူ၊ MHTM အတွက် ဧည့်ဝတ်နှင့် ခရီးသွားလုပ်ငန်း (သို့) အဖွဲ့အစည်းတစ်ခုခုတွင် အလယ်အလတ် စီမံခန့်ခွဲမှုအဆင့်ရှိပြီး လုပ်သက်အတွေ့အကြုံ အနည်းဆုံး သုံးနှစ်နှင့် ဇူလိုင် ၁ ရက်တွင် အသက် (၂၅)နှစ် ပြည့်ပြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
ထို့အပြင် PGDMM အတွက် လုပ်ငန်း (သို့)အဖွဲ့အစည်းတစ်ခုခုတွင် ဈေးကွက်ဆိုင်ရာ လုပ်သက်အတွေ့အကြုံအနည်း ဆုံးနှစ်နှစ်ရှိသူ၊ PGDRS အတွက် Microsoft Word နဲ့ Excel တတ်ကျွမ်းသူဖြစ်ရမည်ဟု သတ်မှတ်ထားပြီး သင်တန်းကာလမှာ မဟာဘွဲ့သင်တန်းများအတွက် နှစ်နှစ်၊ ဘွဲ့လွန်ဒီ ပလိုမာသင်တန်းများ အတွက် တစ်နှစ်သတ် မှတ်ထားသည်။ သင်တန်းလျှောက်လွှာနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို ကမာ ရွတ်နယ်မြေရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တင်သွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။ (ထူးမြတ်)