ရန်ကုန်၊ ဇူလိုင် ၉
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်း များကို Online နှင့် On Campus ဖွင့်လှစ်မည်ဖြစ်ပြီး ဇူလိုင် ၇ ရက်မှစတင်၍ လျှောက်လွှာ တင်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်ပေးမည့် မဟာဘွဲ့သင်တန်းများမှာ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ (Master of Business Administr-ation - MBA) (Campus) စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (Executive Master of Business Administration - EMBA) (Cam-pus)၊ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (Executive Master of Business Adminis-tration - EMBA) (Online )နှင့်လူမှုစီးပွားတည်တံ့ရေး တီထွင်ဖန်တီးမှုပညာမဟာဘွဲ့ (Master of Sustainable Entrepreneurship and Social Innovation - MSESI) (Online)သင်တန်းတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအဖြစ် စီမံအုပ်ချုပ်မှုပညာဘွဲ့လွန် ဒီပလိုမာ (Post Graduate Diploma in Management Administration - PFDMA) (Online)၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (Post Graduate Diplo-ma in Human Resource Management - PDGHRM) (Online)တို့ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများအတွက် သတ်မှတ်အရည်အချင်းများမှာ အသိအမှတ်ပြုတက္ကသိုလ်တစ်ခု ခုမှဘွဲ့ရရှိပြီးသူ၊ တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ၊ သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်ဟု သိရသည်။ ထို့အပြင် မဟာဘွဲ့သင်တန်းများအတွက် သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲနှင့် လူတွေ့အကဲဖြတ်စစ်ဆေးခြင်းတို့ကို လူကိုယ်တိုင်လာရောက် ဖြေဆိုအောင် မြင်သူဖြစ်ရမည်ဖြစ်ပြီး ဘွဲ့လွန်ဒီပလိုမာ သင်တန်းများအတွက် လူတွေ့နှုတ်ဖြေစာမေးပွဲသာ ဖြေဆိုရမည်ဖြစ်ပြီး လူကိုယ်တိုင်လာရောက် ဖြေဆို အောင်မြင်သူ ဖြစ်ရမည်ဟု သိရသည်။
EMBA (Campus/ Online) သင်တန်းအတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး ရှစ်နှစ်ရှိရမည်ဖြစ်ပြီး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level လုပ်သက်အနည်းဆုံး ရှစ်နှစ်ရှိရမည်ဖြစ်ကာ MSESI (Online) သင်တန်းအတွက် အစိုးရ (သို့) ပုဂ္ဂလိက (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခုတွင် လုပ်ငန်းခွင်လုပ်သက် အနည်းဆုံး နှစ်နှစ်နှင့် PGDMA (Online) သင်တန်းအတွက် အစိုးရ (သို့) ပုဂ္ဂလိက (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခုတွင် အလယ်အလတ်အဆင့် စီမံခန့်ခွဲမှုရာ ထူးတွင် လုပ်ကိုင်နေသူဖြစ်ကာ အစိုးရ (သို့) ပုဂ္ဂလိက (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခုတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူ ဦးစားပေးမည် ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ မဟာဘွဲ့သင်တန်းများအ တွက် နှစ်နှစ်၊ ဘွဲ့ လွန်ဒီပလိုမာသင်တန်းများ PGDMA အတွက် တစ်နှစ်၊ PGDHRM အတွက် ကိုးလ ဖြစ်ကြောင်း သိရသည်။ ထူးမြတ်