Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိတ်ကြွရူး သွပ်ဆေးပြားများ ဆက်တိုက်ဖမ်းဆီးရမိ

၂၀၂၃ ၊ နိုဝင်ဘာ ၂၇
    ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြန့်ဖြူးရောင်းချရန် စီစဉ်ထားသည့် ကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်းရာချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရ မိထားကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ သတင်းများအရသိရသည်။
    ဖမ်းဆီးရမိမှုဖြစ်စဉ်များမှာ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ သံသုမာလမ်းတွင် လမ်းလျှောက်လာသူ ဝင်းနိုင်နှင့် အေးမောင် တို့အား စစ်ဆေးရှာဖွေရာ ၎င်းင်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ (ဒေသကာ လပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀)နှင့် လက်ကိုင်ဖုန်းသုံးလုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချသူ ဇော်မင်းထွန်း(ခ) ဦးခိုင်အား ၎င်းင်းနေထိုင် သည့် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လယ်ယာရွှေမြေလမ်းရှိ နေအိမ်တွင် လက်ကိုင်ဖုန်း နှစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ သဖြင့် ဝင်းနိုင်(၅၃)နှစ်၊ အေးမောင်(၅၈)နှစ်နှင့် ဇော်မင်းထွန်း(ခ)ဦးခိုင်အား(၃၉)နှစ်တို့ အား တောင်ဥက္ကလာပမြို့မရဲစခန်းတွင် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
    ဆက်လက်၍နိုဝင်ဘာလ ၂၄ ရက်ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် သတင်းအရ သက်သေများ နှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ မြတောင်ညို(၁) လမ်းတွင် လမ်းလျှောက်လာသူ ပိုင်လွင်ဦ း(ခ)ဆတ္တားဘိုင် အားစစ်ဆေး ရှာဖွေရာ ၎င်းင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၈၀)နှင့် လက်ကိုင်ဖုန်း တစ်လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပိုင်လွင်ဦး (ခ) ဆတ္တားဘိုင် (၂၅) နှစ်အား မင်္ဂ လာဒုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
    ထို့အပြင် နိုဝင်ဘာလ ၂၂ ရက် ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် သတင်းအရ သက်သေများ နှင့်အတူ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ် ကွက်တွင် လမ်းလျှောက်လာသူ ကျော်လှိုင် (ခ)ကျော်ခိုင်နှင့် ကောင်းထက်တို့အား စစ် ဆေးရှာဖွေရာ ၎င်းင်းတို့ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စိုးမင်းထူး(ခ)အတီး(ခ)ဖထီးအား မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးရေခဲလမ်းရှိ ၎င်းင်း၏နေအိမ်တွင် လက်ကိုင်ဖုန်းတစ်လုံးနှင့် လည်းကောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် ကောင်းထက် ငှားရမ်းနေထိုင်သည့် မရမ်း ကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင် မေတ္တာလမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၁၉၀၀၀ (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၁၉၀)အားလည်း ကောင်း ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ကျော် လှိုင်(ခ)ကျော်ခိုင်(၃၈)နှစ်၊ ကောင်း ထက် (၃၃) နှစ်နှင့် စိုးမင်းထူး(ခ)အတီး(ခ)ဖထီး (၇၃)နှစ်တို့အား ဘုရင့်နောင်နယ်မြေရဲ စခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားကြောင်း သိရသည်။    

Total Views ~ 356

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.