Breaking

ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်သမားများ၏ အငွေ့အသက်များ ကင်းစင်အောင် ဆောင်ရွက်ရန်လို ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား

ရန်ကုန်၊ ဇွန် ၁၂
    ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများ၏ အငွေ့အသက်များ ကင်းစင်အောင် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။
    ရန်ကုန်တိုင်းဒေသကြီး ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမတွင် ဇွန် ၁၀ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားစဉ် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီအနေဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အစောပိုင်းကာလများ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြုမှုများဖြစ်ပေါ်ခဲ့ပြီး ထိုမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက် ဖျက်ဆီးမှုများအထိ ဖြစ်ပေါ်လာခဲ့သဖြင့် အချို့သောမြို့နယ်များကို စစ်အုပ် ချုပ်ရေးကြေညာ၍ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့သောဒေသများ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မည်သည့်နေရာ၌မဆို လွတ်လပ်စွာဖြင့် သွားလာ၍ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
    သို့သော်လည်း အကြမ်းဖက်သ မားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် ကြံစည်ဆောင်ရွက် လျက်ရှိသဖြင့် တည်ငြိမ်အေး ချမ်းရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲမပြတ် စောင့်ကြည့်နေရမည်ဖြစ်ပြီး တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒသကြီးအစိုးရ အဖွဲ့တို့က ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
    ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်တွင် လုံခြုံမှုနှင့် တည်ငြိမ်မှုရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အားနည်း ချက်များရှိခဲ့ကြောင်း၊ အဆိုပါအားနည်းချက်များကြောင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ထက် ဝက်ခန့်သည် လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး  ရာဇဝတ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ထည့်သွင်း ပြော ကြားခဲ့သည်။
    ထို့အပြင် အသိပညာဗဟုသုတအားနည်းသူများအနေဖြင့် ကောင်းမှုနှင့်မကောင်းမှုကို ဆင်ခြင်ဆုံးဖြတ်နိုင် စွမ်းအားနည်းပြီး မကောင်းမှုဒုစရိုက်များကို ကျူးလွန် နိုင်ခြေမြင့်မားသဖြင့် အသိပ ညာနှင့် ဆင်ခြင်တုံတရားများ ရရှိရေးအတွက် တိုက်တွန်း နှိုးဆော်ချက်များ ဆောင်ရွက်ခြင်း၊ လှုံ့ဆော် ပညာပေးမှုဆောင်ရွက်ခြင်း၊ သတင်းများ ထုတ်ပြန်ပေးခြင်းအပါအဝင် အခြားနည်း လမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးသွားရန်လို ကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တာဝန်ရှိသူများက ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ် ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.