Breaking

ရန်ကုန်တွင် ရေမြောင်းထဲ အမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်

ရန်ကုန်၊ ဇွန် ၂၅
    ရန်ကုန်မြို့တွင် "ရေမြောင်းထဲ အမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်" စာသားပါ အသိပေးဆိုင်းဘုတ်များ မြို့နယ်အနှံ့ စိုက်ထူထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
    ပြည်သူများ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုကြောင့် မြောင်းများပိတ်ဆို့ပြီး ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် အလျားခြောက်ပေ၊ အနံနှစ်ပေ ခြောက်လက်မ အရွယ်အစားရှိ အသိပေးဆိုင်း ဘုတ်များအား ရန်ကုန်မြို့ရှိ တံတားမြစ်ထွက်ပေါက်များ၊ ရေမြောင်းအနီး လမ်းဆုံလမ်းမများ၊ မြေ အောက်မြောင်းထိပ်၊ ရေတံခါးအနီး၊ ချောင်း/မြစ်ထွက်ပေါက်အနီး၊ မြောင်းလူကူးတံတားပေါ်တို့တွင် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့်စိုက် ထူနေခြင်းဖြစ်သည်။
    လက်ရှိတွင် "ရေမြောင်းထဲအမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူမည်" စာသားပါ အသိပေးဆိုင်းဘုတ်များကို ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဒေါပုံ၊ တာမွေ၊ လသာ၊ လမ်းမတော်၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ မင်္ဂလာဒုံနှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်များတွင် စိုက်ထူ ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
    ထို့အပြင် ရန်ကုန်မြို့တော်စည် ပင်သာယာရေးဥပဒေ(၂၀၁၈ ခုနှစ်)ပါ တားမြစ်ချက်များ၊ ပြစ်ဒဏ်များကို ပြည်သူများသိရှိလိုက်နာစေရေးအတွက် နေ့စဉ်ထုတ် မြို့တော်သတင်းစာတွင် ပညာပေးဖော်ပြ သွားရန်နှင့် တံတားများ သစ်လွင်စေရေး ဆေးသုတ်ရန်၊ ချောင်းကြီး၊ မြောင်းကြီးများ၌ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မပြုစေရေးအတွက် သတိပေးချက်ဆိုင်းဘုတ်များ စိုက်ထူလျက်ရှိရာ အများပြည်သူ သတိပြုမိစေရေး ဆိုင်းဘုတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် သစ်လွင်အောင် ဆောင်ရွက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးက ဇွန်  ၂၁ ရက်က ပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ မှာကြားထားသည်။

Total Views ~ 274

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.