Breaking

ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း KTV/ CLUB/ BAR များတွင် ဖြန့်ချိရောင်းချမည့် ငွေကျပ်သိန်း ၅၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၄
    မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ KTV/ CLUB/ BAR တို့တွင် ဖြန့်ချိရောင်း ချရန်သယ်ဆောင်လာသော ငွေကျပ်သိန်း ၅၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သြဂုတ်လ ၂၇ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်၌ မော်တော်ဆိုင်ကယ်ဖြင့် ပါဆယ်ပစ္စည်းလာရောက် ထုတ်ယူသူ စိုးတင့်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ လက်ခံမည့်သူ စိုင်းခမ်းတီအား အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံရပ်ကွက်တွင် မော်တော်ဆိုင် ကယ်တစ်စီးနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
    ကွင်းဆက်စစ်ဆေးဖော်ထုတ် ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ကံထူးတင်သိန်းအား စိတ်ပြောင်းဆေး ဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၄၉၀၀ ၊ Happy-5 ဆေးပြား ၃၈၀ ၊ ကက်တမင်း ဂရမ် ၉၅၀ ၊ TOYOTA FIELDER မော် တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းင်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ ယူဆောင်ခိုင်းသူ အောင်ဘုန်းမြတ်အား တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ မေတ္တာလမ်းရှိ ၎င်းင်း၏နေအိမ်တွင် စိတ်ပြောင်းဆေးဝါးများ ဖြစ် သည့် အိုက်စ်(မက်သ်အဖက်တမင်း) ဂရမ် ၄၇၀ ၊ ကက်တမင်း ၂၅၊ Collagen အမှုန့် တစ်ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ထို့အပြင် သြဂုတ်လ ၂၈ ရက် နံ နက် ၁၁ နာရီတွင် စိတ်ပြောင်းဆေးဝါးများအား လူမဲ့တန်ဆာဖြင့် ပို့ဆောင်ပေးသူ မဝါဝါလွင်(ခ)စန္ဒာအား ရပ်စောက်မြို့နယ်ပင် ဖြစ်ကျေးရွာ ရပ်ကွက်(၁) တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၅၀၀ ကျော် တန်ဖိုးရှိ စိတ် ပြောင်းဆေးဝါးများဖြစ်သည့် Happy Water  ၂ ဒသမ ၄၅ ကီလို အက်တက်စီဆေးပြား Happy-5 ဆေးပြား ၃၈၀ ၊ ကက်တ မင်း ဂရမ် ၉၅၀ ၊ အိုက်စ်(မက်သ်အဖက်တမင်း)ဂရမ် ၄၇၀ ၊ ကက်တမင်း ၂၅ ဂရမ်၊ Collagen အမှုန့်တစ်ကီလိုနှင့် မူးယစ်ဆေးဝါး Tramadol ဆေးတောင့် ၇၀၀ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
    စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးနှင့် ရန် ကုန်တိုင်းဒေသကြီးတို့သို့ သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းင်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 171

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.